NewsPolitic

ဘူးသီးတောင်တွင် ဘာသာပေါင်းစုံ စုပေါင်းပြီး ဘာသာရေးအဆောက်အအုံတွေမှာ သန့်ရှင်းရေးပြုလုပ်

အာရက္ခတိုင်းမ်စ် (၁၂ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ဘာသာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး သြဂုတ်လ ၉ ရက်က ဘာသာရေးအဆောက်အအုံတွေမှာ သန့်ရှင်းရေးတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သန့်ရှင်းရေးပြုလုပ်ခဲ့တဲ့ ဘာသာရေး အဆောက်အအုံနေရာတွေကတော့ ဘူးသီးတောင်မြို့ အမှတ် ၃ ရပ်ကွက်က ဂျာမေ့ဗလီကြီးနဲ့ အမှတ် ၅ ရပ်ကွက်က မြို့ဦးဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“စုပေါင်း သန်းရှင်းရေးပြုလုပ်တာမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက စုစုပေါင်း ၁၂၆ ယောက် ပူးပေါင်းပါဝင်ခဲ့တယ်” လို့ ULA/AA တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ယခုလို စုပေါင်း သန့်ရှင်းရေးပြုလုပ်ရခြင်းမှာ ရက္ခိုင်ပြည်တွင်း နေထိုင်ကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပြည်သူတို့အကြား လူမှုအသိုင်းအဝိုင်း သဟဇာတဖြစ်မှု မြှင့်တင်နိုင်ရေး၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစား အသိအမှတ်ပြုရေး၊ အတူတကွ စုပေါင်းနေထိုင်ကြတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးနဲ့ သန့်ရှင်းလှပတဲ့ နယ်မြေဖြစ်စေရေးတို့ကို ရည်ရွယ်ပြီး Social Harmony Campaign အဖြစ် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အလားတူ မောင်တောမြို့နယ်မှာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး Social Harmony Campaign ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ပြည်ကို ကာကွယ်ဖို့ AA ဘာတွေ ပြင်ဆင်နေလဲ

Rakhita Times

မင်းပြားတွင် နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

Rakhita Times

သွားလာစရိတ်ကြီးလို့ ရက္ခိုင် ကနေ ရန်ကုန်ကို ကျောင်းတက်ရန် ခက်ခဲနေ

Rakhita Times

Leave a Comment