NewsPolitic

သံတွဲ ကျောက်ကြီးဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး ထပ်တိုး၊ စုစုပေါင်း သေဆုံးသူ ၁၇ ဦး ထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၁၂ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ကျောက်ကြီးကျေးရွာကို ရွေးတုအစိုးရတပ်က သြဂုတ်လ ၁၀ရက် နေ့လည် ၁ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦး အထက် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ ၃ ဦး အထိ ရှိလာနေလို့ ကျောက်ကြီးဖြစ်စဉ်တွင် သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိ ရှိလာနေပြီလို့ သိရပါတယ်။

“ဆေးကုသမှု ခံယူနေရင်း ၃ ယောက် ထပ်ဆုံးသွားတယ်။ ဒီနေ့အထိဆို စုစုပေါင်း သေဆုံးတာ ၁၇ ယောက် ရှိသွားပါပြီ” လို့ သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ရွေးတုအစိုးရတပ် ကြဲချခဲ့တဲ့ ဗုံးသီးတွေဟာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံပြည်သူတွေ သေဆုံး ထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို နေစဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေတာကြောင့် အာရက္ခ မိဘပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမို ဂရုစိုက်ကြပါရန် ထပ်မံ အသိပေး တိုက်တွန်းအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။

Related posts

၁၉/၁၁ ဘယ်ခါလည်းမမေ့ပါ (သတင်းဓာတ်ပုံ)

Rakhita Times

နတ်ရေကန်တွင် ပိတ်မိနေတဲ့ စကမ တပ်သားတွေဟာ တောကြက်မနဲ့ တူနေ

Rakhita Times

အဝေးရောက် သက္ကမအဖွဲ့တွေက ရက္ခိုင်နဲ့ သက္ကမကြား မီးလောင်ရာ လေပင့် လုပ်ဆောင်နေ

Rakhita Times

1 comment

Leave a Comment