NewsPolitic

လူကုန်ကူးသူတွေကို ထောင်ဒဏ်တစ်သက်ထိ ချမှတ်မယ်လို့ ULA ဆို

အာရက္ခတိုင်းမ်စ် (၃၀ သြဂုတ် ၂၀၂၆)

​လူကုန်ကူးသူ မည်သူမဆို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်မယ်လို့ အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

လူကုန်ကူးခံရသူဟာ ကလေးသူငယ်၊ လူငယ်ဖြစ်ပါက သို့မဟုတ် ကြီးမားတဲ့ ထိခိုက်နစ်နာမှု သို့မဟုတ် သေဆုံးမှုစတဲ့ အခြေအနေများ ပါဝင်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်း (သို့မဟုတ်) အမြင့်ဆုံး ပြစ်ဒဏ်များအထိ ခံရနိုင်ပြီး ယခင်ကလည်း လူကုန်ကူးမှုနဲ့ ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပြီး ယခု ထပ်မံကျူးလွန်ပါက ဥပဒေတွင် ပြဋ္ဌာန်းထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခံရမယ်လို့ သိရပါတယ်။

အလားတူ လူကုန်ကူးရာတွင် အားပေးကူညီခြင်းနဲ့ ပူးပေါင်းကြံစည်ခြင်း ပြုလုပ်ပါက ထိုသူကို ပင်ရင်းပြစ်မှုကဲ့သို့ တူညီတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်များ ချမှတ်နိုင်တယ်လို့လည်း ပြဋ္ဌာန်းထားရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DLEPS ဒီလပ်ဌာနအနေနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇန် နဝါရီလက ဇူလိုင်လအထိ (၇) လတာကာလအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင် ရာ ဥပဒေချိုးဖောက်မှုနဲ့ အမှုစုစုပေါင်း (၃၅) မှုကို အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးမှုပပျောက်ရေးအတွက် ကိစ္စရပ်တွေကို ULA/AA အနေနဲ့ မဟာမိတ်နယ်မြေများရှိ မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ ပူးပေါင်း လက်တွဲ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်က စတင် ပြဋ္ဌာန်းလိုက်ပြီး နောက်ပိုင်းတွင် တချို့သော ပြည်သူများဟာ NDEP ကို ရှောင်ရှားရန်အတွက် အဆင့်ဆင့်သော လူကုန်ကူး ပွဲစားများနဲ့ တော၊ တောင်၊ ချောင်း၊ မြောင်းများကို ဖြတ်ကျော်ပြီး ရက္ခိုင်ပြည် အပြင်ဘက်ကို သွားလာနေကြတယ်လို့ သိပါတယ်။

Related posts

စစ်တွေတွင် ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ရန် စကမ ပြင်ဆင်နေ

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

Rakhita Times

မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

Rakhita Times

Leave a Comment