NewsPolitic

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လုပ်ကြံနိုင်ရင် သိန်း ၁ သောင်း ဆုပေးမယ်လို့ လော်ဘီ ကျော်စိုးဦး ပြော

အာရက္ခတိုင်းမ်စ် (၃၀ သြဂုတ် ၂၀၂၆)

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လုပ်ကြံ သတ်ဖြတ်နိုင်ရင် ဆုငွေ ကျပ်သိန်း ၁ သောင်း ပေးမယ်လို့ စစ်တပ်လော်ဘီ ကျော်စိုးဦးက ပြောဆိုခဲ့ပါတယ်။

ဩဂုတ်လ ၂၉ ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲတွင် လော်ဘီ ကျော်စိုးဦးက တော်လှန်ရေးခေါင်းဆောင်တွေကို ငွေကြေးအမြောက်အမြားနဲ့ ပစ်မှတ်ထား လှုံ့ဆော် ပြောဆိုထားတာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ပါ ဖော်ပြချက်အရ KIO/KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ရင် တစ်ဦးကို ကျပ်သိန်း ၁၀,၀၀၀ (တစ်သောင်း) ချီးမြှင့်မှာဖြစ်ပြီး၊ တည်နေရာ အတိအကျကို သတင်းပေးနိုင်ရင် ကျပ်သိန်း ၅,၀၀၀ စီ ပေးမယ်လို့ ဆိုထားပါတယ်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်တွေဖြစ်တဲ့ ဗဟိန်း၊ ရဲပြည့်နဲ့ လက်ယာတို့ကို သတ်ဖြတ်နိုင်ခဲ့ရင် တစ်ဦးကို ကျပ်သိန်း ၅၀၀ စီ ဆုကြေး ငွေပေးအပ်မယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် သပိတ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာတေဇာဆန်းနဲ့ ကိုဆိုးသူရဇော်တို့ကိုလည်း တစ်ဦးကို ကျပ်သိန်း ၅၀၀ စီ ဆုကြေးငွေ ပေးအပ်မယ်လို့ အဆိုပါ ဗီဒီယိုဖိုင်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

Related posts

ကျောက်တော်ကို ဗုံးကြဲ ၁ ဦး သေဆုံး၊ အများအပြားဒဏ်ရာရ

Rakhita Times

ရွေးတုအစိုးရရဲ့ ထိုးစစ်တိုင်းကို ဆင့်ကဲကွပ်ကဲမှု ကောင်းကောင်းနဲ့ တိုက်နိုင်ခဲ့တယ်လို့ AA ဆို

Rakhita Times

အမတ ၃၄၄ အမြောက်တပ်ကို ယာယီသိမ်းပိုက်နိုင်ခဲ့လို့ သတင်းထွက်ပေါ်

Rakhita Times

Leave a Comment