NewsPolitic

သာပေါင်းတွင် AA နဲ့ ရွေးတုတပ် တိုက်ပွဲပြင်းထန်၊ ရွေးတုတပ်က အင်အားဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၃၁ သြဂုတ် ၂၀၂၆)

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွေးတုအစိုးရတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက တော်တော်လေးကို ပြင်းထန်နေတယ်။ ၂၈ ရက်နေ့ကတည်းက စဖြစ်နေတာ။ ညအထိကို ပစ်ခတ်သံတွေ ကြားနေရတယ်။ သာပေါင်းလေးကကို ကြားနေရတာ။ ရှောင်တဲ့သူတွေလည်း ရှောင်ကုန်ကြပြီ။ မကြာခင် ရောက်လာနိုင်တယ်လေ” လို့ သာပေါင်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ ဧရာဝတီတိုင်း သာ‌ပေါင်းမြို့နယ် သဲဖြူနဲ့ သာပေါင်းလေး အနောက်ဖက်တို့တွင် တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ နတခ ကို ရန်ကုန်နဲ့ ပြည်မြို့ကနေ စစ်အင်အား ထောင်ကျော်ကို စစ်ကားအစီးရေ ၈၅ စီး အသုံးပြုပြီး ပို့ဆောင်နေပြီး အဆိုပါ အင်အားထဲမှာ စစ်အင်အားတချို့ဟာ သာပေါင်းဖက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းကနေလည်း စစ်ကား အစီးရေ ၂၀ ကျော် တင်ဆောင်ထားတဲ့ သင်္ဘာတစ်စီးဟာလည်း ဧရာဝတီတိုင်းဖက် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Related posts

ဇူလိုင်လကုန် အပြောင်းအလဲက စစ်ကောင်စီအတွက် အဓိကကျ

Rakhita Times

ပလက်ဝတွင် စက်လှေမှောက်လို့ ရက္ခိုင်ကုန်သည်တစ်ဦး ရေနစ်သေဆုံး

Rakhita Times

စစ်ကောင်စီ နဲ့ CNF တို့ အပစ်ရပ်စဲမှု သဘောတူညီစာချုပ် ထွက်ပေါ်

Rakhita Times

1,294 comments

Leave a Comment