NewsPolitic

အိန္ဒိယဈေး ဗုံးကြဲခံရမှုအပေါ် PRA – Magway၊ SF/SAF နဲ့ PIO/PIA တို့ သဘောထား ပူးပေါင်းထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးနဲ့ အိန္ဒိယဈေးတို့အပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)၊ ကျောင်းသားတပ်ဦး (ကျောင်းသားလက်ရုံးတပ်တော်) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်ဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIO/PIA) တို့က စက်တင်ဘာလ ၃၀ ရက်မှာ စုပေါင်းပြီး သဘောထား ထုတ်ပြန်လိုက်ါတယ်။

လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ထိခိုက် ပျက်စီးမှုများ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးရှိ အများပြည်သူများ ဈေးရောင်းဝယ် ဖောက်ကားရာ အိန္ဒိယဈေးကို ဦးတည်ချက် ထားပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင် မိခင်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့ပြီး၊ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် တိုးမြင့်လာနိုင်ခြေ ရှိနေတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုပြီး ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုဟာ ဂျီနီဗာ ကွန်ဗင်းရှင်းရဲ့ Common Article 3 နဲ့ အရပ်သားများကို ကာကွယ်ပေးထားတဲ့ နိုင်ငံတကာ စစ်ဥပဒေ စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်တယ်လို့ မဟာမိတ်အဖွဲ့များက ထောက်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို လူမဆန်တဲ့ ကျောက်တော်မြို့ ဗုံးကြဲသတ်ဖြတ်မှု လုပ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ရက္ခိုင်ပြည်၊ ပြည်သူလူထုကို မိမိတို့ တတ်အားသမျှ ပံ့ပိုး ကူညီသွားပြီး တိုင်းပြည်ရဲ့ ပဋိပက္ခစနစ်ကို အမြစ်ပြတ် တိုက်ထုတ် သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်တွင် အစ္စလာမ်ဘာသာရေး ထူးချွန်ဆုပေးပွဲ ကျင်းပ

Rakhita Times

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ဦးကို AA ထပ်မံ ဖမ်းဆီး

Rakhita Times

စစ်တွေမှာ ထင်းတွေ ပိုရှားလာပြီး ဈေးကြီးနေ

Rakhita Times

Leave a Comment