NewsPolitic

ဝီရဋ္ဌာနီမြို့ကို ညသန်းခေါင် ဂျက် ၃ စီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဝီရဋ္ဌာနီမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင် (အောက်တိုဘာလ ၁) ၁၂ နာရီကျော်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးတွေ အဆက်မပြတ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ Y-12 လေယာဉ်တစ်စီးဟာ ဝီရဋ္ဌာနီမြို့ထဲသို့ ဒရော့ဗုံး ၁၄ လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီကြောင့် ထိခိုက် ဒဏ်ရာရရှိသူများမှာ အသက် ၅၄ နှစ်အရွယ် ဒေါ်လှကျော့ယဉ်တွင် ညာဘက်တင်ပါးမှာ ဗုံးစမှန်ထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်မသန်းယဉ်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မနွယ်စိုး၊ အသက် ၂၆ နှစ်အရွယ် မခင်ခင်ဌေးနဲ့ အသက် ၄၀ အရွယ် ဒေါ်မချေ တို့ ဖြစ်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီဟာ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၉ နာရီအချိန်ကစတင်ပြီး ဂျက်ဖိုက်တာ တစ်စီးပြီး တစ်စီး လာရောက်ကာ ဗုံးကြဲချ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က (စက်တင်ဘာ ၃၀) ည ၉ နာရီကျော်နောက်ပိုင်းကနေ ညသန်းခေါင်အချိန်အထိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဝီရဋ္ဌာနီမြို့နယ်တို့ကိုပါ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရစာရင်းကို ဆက်လက် စုံးစမ်းနေပါတယ်။
Photo – One Nation News (ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်)

Related posts

စစ်တွေမှာ ဆိုလာပြားတွေနဲ့ မီးပွိုင့်စနစ်တွေကို ပြန်လည်လုပ်ဆောင်နေ

Rakhita Times

ကျောက်ဖြူက ဒိုးတောင်ရွာကို စကမ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံး၊ အိမ်အချို့ ပျက်စီး

Rakhita Times

တောင်ကုတ်က ပြည်မထွက်လာသူ ၃၀ ကျော် ပြည်တွင် အဖမ်းခံရ

Rakhita Times

Leave a Comment