NewsPolitic

ငပြီကျွန်းကို စစ်ကောင်စီ ကမ်းတက်ရန် ကြိုးစားနေလို့ တိုက်ပွဲ ပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေခရိုင်၊ ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၇ ရက် မနက်ပိုင်းကစတင်ပြီး အင်အားအလုံးအရင်းနဲ့ ကမ်းတက်ရန် ကြိုးစားနေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ငပြီကျွန်းကို ကမ်းတက်ဖို့ စကစ ကြိုးစားနေပါတယ်၊ အဲဒီဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” လို့ ဝီရဌာနီမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေဗီကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်နေပြီး လေကြောင်းက ပစ်ကူပေးနေကာ စစ်တွေရှိ ရွှေမင်းဂံတပ်ကလည်း လက်နက်ကြီးများနဲ့ ပစ်ကူပေးပြီး ကမ်းတက်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၄ ရက်က စတင်ပြီး အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော်ရဲ့ တန်ပြန်စစ်ကြောင့် အရေးနိမ့်နေတယ်လို့ သိရပါတယ်။

Related posts

စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် တောင်ကုတ် ဒေသခံ ၁ ဦး သေဆုံး

Rakhita Times

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG ရှုတ်ချ

Rakhita Times

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကျင်းပ

Rakhita Times

Leave a Comment