NewsPolitic

ကုလားတန်မြစ်အတွင်း ရေဆင်းကူးရာမှ သေဆုံးခဲ့တဲ့ ကျန်ကလေးရုပ်အလောင်း တွေ့ရှိ

အာရက္ခတိုင်းမ်စ် (၁၉ ဇွန် ၂၀၂၆)

ကုလားတန်မြစ်အတွင်း ရေဆင်းကူးရာမှ သေဆုံးခဲ့တဲ့ ကျန်ကလေးတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီ ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာမှာ ဇွန်လ ၁၅ ရက်၊ ညနေ ၃နာရီတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် (၁၃) နှစ်အရွယ် မဝင်းမြတ်သူနဲ့ အသက် (၁၂) နှစ်အရွယ် မသန်းအေးနွယ်တို့ ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁၇ ရက်၊ နေ့လည် ၂ နာရီမှာ အသက် ၁၂ နှစ်အရွယ် မသန်းအေးနွယ်ရဲ့ ရုပ်အလောင်းကို ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပြီး အသက် ၁၃နှစ်အရွယ် မဝင်းမြတ်သူရဲ့ ရုပ်အလောင်းကိုတော့ ဇွန်လ ၁၆ ရက်၊ ညနေ ၆နာရီလောက်မှာ ရှာတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

“ ကလေးနှစ်ဦးရဲ့ ဈာပနကို မနေ့ညက ပြုလုပ်ပြီးပါပြီ” လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်၊ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာလည်း ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးလာဝယ်တဲ့ ခရီးသည်ဘုတ်တစ်စီးဟာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတားအနီး စမ်းပတီးချောင်းထဲမှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၃၀ ကျော် ပါရှိသည့်အနက် အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းထံက သိရပါတယ်။

Related posts

ပေါက်တောမြို့နယ်က ရေလုပ်သားမွတ်ဆလင် ၂၈ ဦးကို စကမ ဖမ်းဆီး

Rakhita Times

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

ဦးဦးလှစောဟာ လွှတ်တော်ဥက္ကဌကိုတောင် ကြားဖြတ်မပြေပါနဲ့လို့ ပြောရဲတဲ့သူလို့ ဦးထွန်းအောင်ကျော်ပြော

Rakhita Times

Leave a Comment