NewsPolitic

စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုကြောင့် မြေပုံက ငါးဖမ်းသမား ၂ ဦး ပင်လယ်ပြင်တွင် ပျောက်ဆုံးနေ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာက ဒေသခံငါးဖမ်းသမား ၃ ဦးကို စစ်ကောင်စီတပ် (နေဗီ) က ဖမ်းဆီးကာ ပင်လယ်ပြင်ထဲကို ပစ်ချပြီး ကမ်းသို့ လက်ပစ်ကူးခိုင်းခဲ့ရာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံများထံက သိရပါတယ်။

အောက်တိုဘာလ ၆ ရက်၊ ည ၉ နာရီခန့်တွင် ဦးမြင့်ထွန်းအောင်၊ ဦးမြင့်မောင်ဆန်းနဲ့ ကိုရဲလင်းအောင်တို့ဟာ စက်လှေနဲ့ ပင်လယ်ပြင်ကို ငါးဖမ်းထွက်စဉ် မြေပုံ – ကျောက်ဖြူနယ်အစပ် နာတန်ပွင့်အနီးတွင် စစ်ကောင်စီနေဗီက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပါတယ်။

ထို့နောက် နေဗီပေါ်တွင် ဝိုင်းဝန်း ရိုက်နှက် နှိပ်စက်ပြီး စက်လှေကို သိမ်းဆည်းကာ ပင်လယ်ပြင်အတွင်း လက်ဗလာနဲ့ ကမ်းကို လက်ပစ်ကူးခိုင်းခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ထိုသို့ ကူးခတ်လာစဉ် လူစုကွဲသွားခဲ့ရာ ဦးမြင့်ထွန်းအောင်မှာ တခြား ငါးဖမ်းစက်လှေတစ်စီးရဲ့ အကူအညီနဲ့ အောက်တိုဘာလ ၇ ရက်၊ နံနက် ၅ နာရီခန့်တွင် ရွာကို ပြန်လည် ရောက်ရှိလာခဲ့သော်လည်း ဦးမြင့်မောင်ဆန်း (၃၆ နှစ်) နဲ့ ကိုရဲလင်းအောင် (၂၃ နှစ်) တို့ ၂ ဦးဟာ ဒီကနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လက်ရှိတွင် ပျောက်ဆုံးနေတာဟာ ၂ ရက်နီးပါး ရှိလာပြီဖြစ်ပြီး သတင်းအစအန တစုံတရာ မရရှိသေးလို့ မိသားစုဝင်များမှာ စိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။

Related posts

မြေပြိုမှုကြောင့် ရက္ခိုင်-အိန္ဒိယ လမ်းတွင် ကုန်တင်ကား ရာနဲ့ချီပိတ်မိနေ

Rakhita Times

ဂွမြို့နယ်ကို ရွေးတုအစိုးရ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

Rakhita Times

သံတွဲမြို့သစ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ သားအဖ ၂ ဦး သေဆုံး၊ ၂ နှစ်ကလေးပါ ၃ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment