အာရက္ခရေပိုင်နက်ထဲသို့ ငါးခိုးဖမ်းရန် ဝင်ရောက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ AA ပြော
အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၄) ရက္ခိုင်ပြည်ရှိ အာရက္ခရေပိုင်နက်ထဲသို့ ကျူးကျော်ပြီး ငါးခိုးဖမ်းရန် ဝင်ရောက်မည်ဆိုပါက မည်သူ့ကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ
