ရခိုင်တိုင်းရင်းသားများပါတီကို စစ်ကောင်စီက ပါတီတည်ထောင်ခွင့်ပြု
အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၅) ရက္ခိုင်ပြည်က နိုင်ငံရေးပါတီသစ် တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party – RNP) ကို တည်ထောင်ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ရခိုင်တိုင်းရင်းသားများပါတီ RNP ကို ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က ဦးဆောင်ပြီး
