NewsPolitic

မောင်တောတွင် စစ်ကောင်စီ ဗုံးကျဲမှုကြောင့် ပြည်သူ ၅ ဦး သေ၊ ၁၅ ဦးခန့် ဒဏ်ရာရ

မောင်တောတွင် စစ်ကောင်စီ ဗုံးကျဲမှုကြောင့် ပြည်သူ ၅ ဦး သေ၊ ၁၅ ဦးခန့် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် မောင်တောမြို့နယ်ကို စစ်ကောင်စီမှ ယနေ့ နံနက် ၂ နာရီခန့်တွင် လေယာဥ်ဖြင့် လာရောက်ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီမှ မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာကို ဗုံးကျဲခဲ့သဖြင့် ဖားဝပ်ချောင်းရွာ ဒေသခံပြည်သူ ဒေါ်လှလှအေး (၅၈နှစ်)၊ မသီတာ (၂၆နှစ်)၊ ကိုနေဇော်ဦး (၂၉နှစ်)၊ ကိုမောင်မောင်သိန်း (၂၀နှစ်) နဲ့ မအေးအေးအောင် (၂၆နှစ်) တို့ သေဆုံးခဲ့ကြောင်း APM သတင်းဌာနက ဖော်ပြထားပါတယ်။

အထက်ပါကဲ့သို့ စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် လူနေအိမ် အချို့ နှင့် ကား များလည်း ပျက်စီးသွားကြောင်း သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် စစ်ကောင်စီရဲ့ ဗုံးကျဲမှုတွေ ဘင်္ဂလားဒေ့်နိုင်ငံ တက်ကနက်မြို့နယ်ရှိ ရွာတစ်ရွာတွင် မြေသားနဲ့ တည်ဆောက်ထားတဲ့ အနည်းဆုံး လူနေအိမ် (၂၅) လုံး မှာ အက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရပြီး ထိခိုက်ပျက်ဆီးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ The Daily Star သတင်းစာက ဖော်ပါထားပါတယ်။

ဒေးလီးစတားသတင်းစာမှသတင်းထောက်ဖြစ်သူဟာ အောက်တိုဘာလ (၁၈) ရက် မွန်းလွဲပိုင်းက Shahporir Dwip ဆိပ်ခံတံတားသို့ သွားရောက်ခဲ့စဥ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းဟာ မောင်တောမြို့ပေါ်သို့ ဗုံးတွေ ကြဲချနေတာကို တွေ့မြင်ခဲ့ရပြီး အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ညပိုင်းအချိန် နဲ့ အာရုဏ်တက်စ အချိန်တွေမှာ ပိုမိုပြင်းထန်လာတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Related posts

အမ်းမြို့တွင် တရားမဝင် အရက်၊ ဘီယာတွေကို ဒီလပ် ဖမ်းဆီး၊ ပြည်တွင်းရောက်အောင် လွှတ်ပေးသူတွေကိုလည်း အရေးယူစေချင်

Rakhita Times

ရက္ခိုင်တွင် လာမယ့် ၁၀ ရက်နေ့ကစပြီး မိုးအလွန်ကြီးနိုင်

Rakhita Times

မောင်တောနယ်စပ်က AA စခန်းတွေကို ဝင်တိုက်ဖို့ အကြမ်းဖက်သမားတွေကို ဖိအားပေးမှုတွေ ရှိနေ

Rakhita Times

503 comments

Leave a Comment