NewsPolitic

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၂-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်နေပြီး အဆိုပါ စစ်ဌာနချုပ်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်သောကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“ရွာချင်းဆက် နှစ်ရွာကို လက်နက်ကျည်ကျပြီး ပေါက်ကွဲတာမှာ ရွာသားတွေ ပွဲချင်းပြီး သေကြတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ မြို့ထဲဘက်က ပစ်တဲ့ကျည် ကျတာ” လို့ အမ်းမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

အောက်တိုဘာလ ၂၁ရက် မွန်လွဲပိုင်း ၂ နာရီကျော်က လောင်းစပ်ရွာ နှင့် ငလက်ကျရွာ ကို စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကျရောက်သဖြင့် လောင်းစပ်ရွာ ဒေသခံ ၃ ဦး နှင့် ငလက်ကျရွာ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများမှာ ကိုဖြိုးမင်းသူ (၁၇နှစ်)၊ ဦးညို (၆၀နှစ်)၊ ဦးအောင်သိန်း (၇၅နှစ်) နှင့် ဦးသိန်းဝင်း (၅၄နှစ်) ဖြစ်ကြောင်း သိရပါတယ်။

အမ်းမြိုနယ်ရှိ လုံးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ (အောက်တိုဘာလ ၂၁ ရက်) ကလည်း ဝင်ရောက် မီးရှို့ခဲ့သဖြင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ မီးရှို့ခံရသော လုံးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် နှစ်မိုင်ခန့်သာ ကွာဝေးပြီး လွန်ခဲ့သော တစ်လကျော်ကစတင်ကာ ဒေသခံပြည်သူများမှာ စစ်ရှောင်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

Related posts

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

Rakhita Times

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

BPLA သင်တန်းဆင်ပွဲ AA တပ်မှူး တက်ရောက်

Rakhita Times

13 comments

Leave a Comment