စစ်တွေမှာ စက်သုံးဆီ တစ်လီတာ လေးသောင်းဝန်းကျင်အထိ ဖြစ်နေ
အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ စက်သုံးဆီ 92 တစ်လီတာကို လေးသောင်း ဝန်းကျင်အထိ ဈေးပေါက်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အရင်ရက်တွေက စက်သုံးဆီ တစ်လီတာကို နှစ်သောင်းကျော် သုံးသောင်းဝန်းကျင်မှာပဲ ရှိနေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း လေးသောင်းဝန်းကျင်အထိ ဈေးတက်သွားတာဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သူက “လက်ရှိက အကုန်လုံး ဆီဈေးတွေ 92 တစ်လီတာကို လေးသောင်း၊ ဝယ်ချင်တဲ့ဆိုင်မှာလည်း ဝယ်လို့မရဘူး အဆင်မပြေတော့ဘူး။ သွားရလာရ အခက်အခဲရှိတယ်။ လေးသောင်းဖြစ်တာက အဲဒီလို တက်လိုက်၊ ကျလိုက်ပဲ။ သင်္ဘောတွေ မဝင်လာဘူးဆို တက်သွားပြီ။ သင်္ဘောတွေ ဝင်လာပြီဆို ကျသွားပြီ။ အဲဒီလိုမျိုး။ အခုရက်ထဲ ပြန်တက်တာက နှစ်သောင်းခြောက်ထောင် (၂၆၀၀၀)၊ နှစ်သောင်းခုနှစ်ထောင် (၂၇၀၀၀)၊ နှစ်သောင်းရှစ်ထောင် (၂၈၀၀၀) ကနေ တန်းတန်း နေပြီးတော့ အခု သုံးသောင်း၊ သုံးသောင်းကနေ မနေ့က မနက်ကနေ သုံးသောင်း၊ ညနေကို လေးသောင်း ဖြစ်သွားတယ်လို့ ပြောတာပဲ။ ကိုယ့်မှာကတော့ ဝယ်ထားတာဆိုတော့” လို့ ပြောပါတယ်။
စက်သုံးဆီ ဆိုင်ကြီးတွေဟာ ပိတ်ထားတာ အချိန်ကာလ တစ်ခုအထိ ရှိပြီ ဖြစ်ပြီး လမ်းဘေးဆိုင်တွေမှာပဲ စက်သုံးဆီကို ဝယ်ယူနေကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စက်သုံးဆီဈေးတွေ ပိုမိုကြီးမြင့်လာတာကြောင့် ချွေတာတဲ့အနေနဲ့ တချို့နေရာတွေကို သွားလာတဲ့အခါမျိုးမှာ လမ်းလျှောက်ပြီး သွားကြတာတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ အခြေခံစားသောက်ကုန်တွေဟာလည်း အရင်ထက် ပိုမို ဈေးမြင့်တက်လာပေမယ့် စားသုံးဆီတွေကတော့ အရင်ဈေးတက်ခဲ့တဲ့ နှုန်းထားအတိုင်းပဲ ရှိနေသေးတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“နို့ဆီတစ်ဘူးကိုလည်း ၆၈၀၀၊ ၇၀၀၀ ဖြစ်နေပြီ။ ကြက်ဥတစ်လုံးကို ၁၂၀၀၊ ၁၃၀၀၊ သေးသေးလေးကို ၁၀၀၀။ ရေက သောက်ရေဘူးကြီးတစ်ဘူးကို ၁၅၀၀။ မီးသွေးကတော့ အိတ်နဲ့ ဝယ်တဲ့ ၁၀ ပိဿာဆိုတဲ့ မီးသွေးတွေက တစ်အိတ်ကို လေးသောင်း၊ သုံးသောင်း။ ရွှေဘိုက တစ်အိတ်ကို တစ်သိန်းနဲ့ ခုနှစ်ထောင်” လို့ ပြောပါတယ်။
ရက္ခိုင်ပြည်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကုန်းလမ်းကြောင်းများကို ပိတ်ထားတာဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
အဲဒီ တစ်နှစ်အတွင်း ပြီးခဲ့တဲ့ လအထိ အာရက္ခတပ်တော်ဘက်မှ သိမ်းဆည်းရမိထားတဲ့ မြို့နယ်ဟာ ၁၁ မြို့နယ်ရှိပြီး စစ်တွေအပါအဝင် ကျန်တဲ့ ၇ မြို့နယ်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ။

12 comments
hello everyone, my backlink bot is system
This is actually interesting, This cleared up a few things for me, which made a difference for me. I might explore more here.
Montenegro sailing yacht charter Montenegro
Hi, I didn’t expect it to be this helpful.
Hello, I came here from another page and stayed, and it got me interested pretty quickly. Honestly I found myself reading all the way through and that’s something I don’t see much. this was worth the time.
This is actually interesting, I realized this was exactly what I needed.
I understood this topic better after reading, which made it more readable.
Honestly, It actually answered something I was confused about.
This site was… how do I say it? relevant, I clicked on this without really thinking much, and it was more useful than expected. I realized this was exactly what I needed which made it easier to understand.
суперчел далеке місто 2 сезон дивитись онлайн
нефариус клітка розуму
ремонт стиральных машинах ремонт стиральных машин мастер