NewsPolitic

လူထုတော်လှန်ရေးမှာ ပါဝင်လာဖို့ ပအိုဝ်းပြည်သူ့စစ်ကို PNLO နဲ့ PNFC တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၄)

လက်ရှိ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးမှာ အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အနေနဲ့ ပါဝင်လာဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့က တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ကျရောက်တဲ့ (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ တိုက်တွန်းလိုက်တာ ဖြစ်ပြီး PNO/PNA ဖွဲ့စည်းကတည်းက လုံးဒါးညီလာခံမှာ ချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမှုနှင့်အညီ လူထုတော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းဖို့ ဖော်ပြထားပါတယ်။

ပအိုဝ်းလူမျိုးစုတွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား ရန်သူမဖြစ်ဖို့နဲ့ ပအိုဝ်းလူမျိုး အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

“လောလောဆယ်အနေအထားကတော့ ကျနော်တို့ အပြန်အလှန် ချိတ်ဆက်ညှိနှိုင်းတာမျိုး မရှိဘူး။ ထုတ်ပြန်ကြေညာချက်မှာ တိုက်တွန်းတဲ့ အနေအထားပဲ ရှိတာပေါ့လေ၊ လက်ရှိအနေအထားက‌တော့ စစ်ကောင်စီကလည်း အသွင်ပြောင်းပြည်သူ့စစ်ကို သူက အသုံးချချင်တယ်၊ သူ့မှာလည်း အင်အားလိုအပ်တဲ့အတွက် အသွင်ပြောင်းပြည်သူ့စစ်ကို လုပ်ပိုင်ခွင့်တွေ ပေးပြီးတော့မှ လက်နက်ခဲယမ်းတွေလည်း ထောက်ပံ့ပေးထားတဲ့ အနေအထားပေါ့လေ၊ ဒီအသွင်ပြောင်း ပြည်သူ့စစ်ကလည်း သူထိန်းချုပ်ထားတဲ့ ဒေသမှာရှိတဲ့ ပအိုဝ်းလူထုတွေကို အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား တစ်အိမ်တစ်ယောက်တောင်းဆိုတာထက်ကို ယောကျာ်းလေးတိုင်းပေါ့။ စစ်သင်တန်း မတက်မနေရ  အတင်းအကျပ် လုပ်ဆောင်နေတာတွေ ရှိတယ်။ အဲဒီလိုမျိုး လုပ်ဆောင်တာကတော့ ဒေသကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီးတော့မှ ပအိုဝ်းတွေရဲ့ မျိုးချစ်စိတ်ဓါတ်ကို အသုံးချပြီးတော့မှ ဝါဒဖြန့် အတင်းအကျပ် လုပ်ဆောင်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒါကြောင့် ပအိုဝ်းလူမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပဋိပက္ခမဖြစ်အောင် ပအိုဝ်းလူမျိုးက တော်လှန်ရေး အင်အားစုရဲ့ ရန်သူမဖြစ်အောင် ပအိုဝ်းလူမျိုး အချင်းချင်းလည်း ပဋိပက္ခမဖြစ်ရအောင်လို့ ကျနော်တို့က တိုက်တွန်း တောင်းဆိုရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားညီညွတ်ရေးအလံကို အမြင့်ဆုံးလွင့်ထူပြီး ရရှိခဲ့တဲ့ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး ပအိုဝ်းအချင်းချင်း ပဋိပက္ခမဖြစ်ဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

PNO/PNA၊ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ PNLO၊ PNFC တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား ပအိုဝ်းဒေသမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ကြပါတယ်။

တော်လှန်ရေးအတွင်း ပါဝင်နေတဲ့ မိမိတို့ ပအိုဝ်းအဖွဲ့အစည်းတွေမှာ နာမည်မတူပေမယ့် စည်းစည်းလုံးလုံးနဲ့ ပူးတွဲလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

“PNO အသွင်ပြောင်း ပြည်သူ့စစ်တို့ကတော့ စစ်ကောင်စီဖက်မှာ ပါနေတဲ့ အင်အားစုတွေ ဖြစ်တယ်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကတော့ ကျနော်တို့အဖွဲ့ကနေ ကျနော်တို့က ထုတ်ပယ်ထားတာပေါ့လေ၊ ထုတ်ပယ်ထားတော့ သူတို့ကတော့ အုပ်စုတစ်စုပုံစံမျိုးနဲ့တော့ သူတို့ နေနေပေမယ့် တရားဝင်အဖွဲ့တစ်ခု ဖွဲ့တာမျိုးကတော့ မရှိပါဘူး။ အဲဒီလိုတော့ မရှိပါဘူး။ ဘာပဲပြောပြော ဒီလိုအဖွဲ့တွေများနေတာကတော့ စည်းလုံးညီညွတ်မှုကို တစ်စုံတစ်ရာ ထိခိုက်တာ ရှိတယ်။ ဒါပေမဲ့ သေချာပြန်ကြည့်ကြည့်ရင်တော့ ဘက်နှစ်ဖက်မှာ ဖြစ်နေတဲ့ အနေအထားမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးအင်အားစုဖက်မှာ ပါနေတဲ့ ကျနော်တို့ ပအိုဝ်းအဖွဲ့တွေကတော့ အဖွဲ့သာ နာမည်မတူပေမဲ့ ကျနော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်တာတွေ အားလုံးပေါ့လေ၊ စည်းစည်းလုံးလုံးနဲ့ ပူးတွဲပြီး‌တော့ လုပ်ဆောင်နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပါတယ်။

Related posts

စကမရဲ့လက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံ လင်မယားနှစ်ဦး ပွဲချင်းပြီးသေဆုံး

Rakhita Times

ရက္ခိုင်စစ်ပွဲရပ်ဖို့ ပြောဆိုမှု စစ်ကောင်စီ လက်မခံ၍ ဂျပန်နောက်ဆုတ်သွားဟု ပြော

Rakhita Times

ရဲကို ဒီလပ် လို့ AA ပြောင်းသုံး

Rakhita Times

17 comments

RobertNok ဇန်နဝါရီ 30, 2026 at 5:28 ညနေ

ко ланте ко ланта

Reply
OLaneHat ဇန်နဝါရီ 30, 2026 at 8:11 ညနေ

I believe what you posted was very logical. But, what about this? suppose you added a little information? I mean, I don’t want to tell you how to run your blog, but suppose you added a post title that grabbed people’s attention? I mean %BLOG_TITLE% is a little boring. You should peek at Yahoo’s home page and watch how they write post titles to grab people to open the links. You might add a related video or a related pic or two to grab readers excited about everything’ve got to say. Just my opinion, it might bring your blog a little bit more interesting.
byueuropaviagraonline

Reply
Randalllah ဇန်နဝါရီ 31, 2026 at 2:19 မနက်

где дешевле купить цветы в москве Срочная служба свежих цветов

Reply
Michaelnup ဇန်နဝါရီ 31, 2026 at 3:23 မနက်

ремонт замков Замена замков – профессиональная замена замков на новые, более надежные модели. Обеспечиваем безопасность вашего дома или офиса с гарантией качества.

Reply
JeffreyDuh ဇန်နဝါရီ 31, 2026 at 11:17 မနက်

когда сезон на краби для пляжного отдыха где находится краби в тайланде

Reply
AlbertEnfob ဇန်နဝါရီ 31, 2026 at 2:30 ညနေ Reply
ShelbySeedy ဇန်နဝါရီ 31, 2026 at 4:07 ညနေ

тик ток мод скачать 2026 последняя тг мод тик ток на андроид последняя версия

Reply
Williamphype ဇန်နဝါရီ 31, 2026 at 4:21 ညနေ

рунетки чат рунетки чат

Reply
Michaeltug ဇန်နဝါရီ 31, 2026 at 6:01 ညနေ

https://www.blogger.com/blog/post/preview/3473976191548094784/7326097007958958938 When I first began researching gas fireplaces, I didn’t expect the market to be this diverse. There are noticeable differences between brands in terms of materials, burner technology, and flame realism. Going through detailed specs and user experiences helped me understand what actually matters over time — things like maintenance access, fuel efficiency, and consistent performance. It’s definitely not something you want to choose purely based on price or appearance alone

Reply
RichardGrism ဇန်နဝါရီ 31, 2026 at 7:23 ညနေ

работа за границей с проживанием работа за границей для девушек

Reply
Williamphype ဖေ‌ဖော်ဝါရီ 1, 2026 at 3:48 မနက်

рунетки чат рунетки

Reply
Robertgak ဖေ‌ဖော်ဝါရီ 1, 2026 at 4:33 ညနေ

Зеркала для ванных комнат Зеркало в гардеробную поворотное: удобство выбора одежды.

Reply
OLaneHat ဖေ‌ဖော်ဝါရီ 1, 2026 at 9:23 ညနေ

La fase de apuesta te posibilita definir tu monto de entrada, y en el momento como seleccionas en “ Comenzar” , el aviГіn emprende su viaje con una trayectoria aleatoria.

https://aviamasters.nom.es/

Reply
Donaldcholo ဖေ‌ဖော်ဝါရီ 1, 2026 at 11:03 ညနေ

https://writefreely.ethibox.fr/larrybrown190/design-a-serene-meditation-corner-at-home
While looking into space heaters, I noticed that Comfort Glow models are often mentioned in discussions about basic efficiency and safety features. For compact spaces or supplemental heating, those factors tend to be more important than max output.

Comparing different heater brands helped me understand how airflow, thermostat control, and built-in protection systems affect everyday comfort. It’s not always about the highest heat level, but about consistent operation and reliable safety over time.

Reply
JoshuaGab ဖေ‌ဖော်ဝါရီ 3, 2026 at 4:04 ညနေ Reply
JoshuaGab ဖေ‌ဖော်ဝါရီ 4, 2026 at 2:45 ညနေ Reply
JoshuaGab ဖေ‌ဖော်ဝါရီ 4, 2026 at 9:13 ညနေ Reply

Leave a Comment