NewsPolitic

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၃၀ ဒီဇင်ဘာ ၂၀၂၄)

ချင်းပြည်နယ် မင်းတပ်မြို့ကို မြို့သိမ်းတိုက်ပွဲပြီးနောက် ချင်းညီနောင် နှစ်ပတ်လည်မှ အစပြုပြီး ချင်းပြည်တခွင် စစ်ကောင်စီကင်စင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေလို့ ချင်းညီနောင် (Chin Brotherhood) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်အာဏာရှင်စနစ် အမြတ်ပြတ် ကျဆုံးပြီး ဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး လွတ်​မြောက်ရေး၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း နဲ့ ကိုယ်ကြမ္မာဖန်တီးခြင်း စတဲ့ ဒီမိုကရေစီစံနှုန်းများကို အခြေခံသည့် ချင်းပြည်နယ်အတွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့များ နဲ့ စုစည်းတည်ထောင်ခဲ့တဲ့ ချင်းညီနောင် (Chin Brotherhood) သည်
၂၀၂၄ ခုနစ်၊ ဒီဇင်ဘာ၃၀ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့တာပဲ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများနဲ့ လက်ရှိနွေဦးတော်လှန်ရေး ကာလအတွင်း အသက်ပေးသွားတဲ့ ရဲရဲတောက်အာဇာနည်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း၊ ခြေလက်အင်္ဂါများ ပေးဆပ်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော် သူရဲကောင်းများကို ဦးညွတ်အလေးပြုပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိမိတို့ ထိန်းချုပ်ရာ နယ်မြေများ ဖြစ်တဲ့ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ကျင်ဒွေး နဲ့ မရာနယ်မြေတို့မှာ ပြည်သူလူထုမှ ရွေးကောက်တင်မြောက်တဲ့ bottom up approach ဖြင့် စနစ်တကျ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိဘပြည်သူများအနေဖြင့် မိမိတို့ချင်းညီနောင်ရဲ့ အနာဂတ်မျှော်မှန်းချက်များ၊ ပြည့်ဝစေနိုင်ရန်အတွက် ဆုမွန်ကောင်းတောင်းပေးခြင်းနဲ့ ရန်ပုံငွေထောက်ပံ့ခြင်းအပြင် တခြား တက်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပံ့ပိုးခြင်းဖြင့် အာဖြည့်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းကို ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနာဂတ်တွင် ယခုထက် ပိုပိုခိုင်မာသော ဆက်ဆံရေးတည်ဆောက်ကာ စစ်ကာဏာရှင် အလုံးစုံပျက်သုည်းသည်အထိ အတူတူတွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

ချင်းညီနောင် အဖွဲ့ကို ချင်းတော်လှန်ရေး ၆ ခုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ကာ တခြားသော တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးအဖွဲ့များဖြင့် ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး တိုက်ခိုက်နေကြခြင်း ဖြစ်ပါတယ်။

ချင်းညီနောင် ၆ ဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ဖြစ်ကြပါတယ်။

Related posts

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ပထမပိုင်း)

Rakhita Times

ပလက်ဝတွင် ယမကာလုပ်ငန်းတွေကို AA ရဲ့ FDA စစ်ဆေး

Rakhita Times

ဖက်ဆစ်နိုင်ငံတော်ကို တော်လှန် ပုန်ကန်သူ ကျော်ဟန်

Rakhita Times

2 comments

Casino_kckt မတ် 24, 2026 at 12:58 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
Пинко Казино
Игровой процесс проходит быстро и без технических задержек.

Reply
Casino_nbkt မတ် 24, 2026 at 2:02 မနက်

В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Пользователи могут выбирать удобные способы пополнения и вывода средств.

Reply

Leave a Comment