NewsPolitic

ရဲကို ဒီလပ် လို့ AA ပြောင်းသုံး

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော်က ရဲ ဆိုတဲ့ အသုံးအနှုန်းအစား ဒီလပ် (DELEPS) လို့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

အဆိုပါ ဒီလပ် (DELEPS) ရဲ့ စာလုံးအရှည်ဟာ Department of Law Enforcement and Public Security ဖြစ်ပြီး အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ဖြစ်တယ်လို့ သိရပါတယ။

“ရက္ခိုင်ပြည်မှာ ရဲသားကို “ဒီလပ်” ( DLEPS ) လို့ ခေါ်ရေ။ ရဲလို့ မသုံး။
အရှည်က ” (Department of Law Enforcement and Public Security- DLEPS) – ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ” မှတ်ထား “ဒီလပ်” လို့ ခေါ်ကတ်ပါ။” လို့ စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။

စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ ရဲ အမည်ကို ဖျက်သိမ်းကာ ပြည်သူများအား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးသော ဌာနကို ဒီလပ်ဌာန/DLEPS ၊ ဝန်ဆောင်မှုပေးသူများကို ဒီလပ် လို့ ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

Related posts

ယောတပ်တော်တည်ထောင်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း AA အနီးကပ်ကူညီပေးခဲ့

Rakhita Times

ရက္ခိုင်က တက္ကသိုလ်ဝင်စာမေးပွဲ စစ်ကောင်စီရဲ့ မိသားစုအတွက်ပဲဖြစ်

Rakhita Times

စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရခိုင်တိုင်းရင်းသားများပါတီက လျှောက်ထား

Rakhita Times

215 comments

Leave a Comment