NewsPolitic

ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှု ထိခိုက်မှုများ

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာလ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက နေ့လယ် (၁၂) နာရီ (၁၀) မိနစ်နဲ့ (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူတွေ ထိခိုက်မှု များပြားပြီး ဆုံးရှုံးမှုလည်း များပြားနေတယ်လို့ သိရပါတယ်။

“ကစ္ဆပနဒီတံတားအနီးနဲ့ အိန္ဒိယဈေးဝန်းကျင်ကို ကြဲခံရပြီး ကနဦးသတင်းအရ ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ (စက်တင်ဘာလ ၂၈ ရက်) နေ့လယ် (၁၂) နာရီ (၃၂) မိနစ်အချိန်ခန့်ကစတင်ပြီး ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွင် သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အသေးစိတ် ထိခိုက်ပျက်စီးမှု အခြေအနေများကို အာရက္ခတိုင်းမ်စ် သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက် ၇ နာရီခန့်မှာလည်း ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင် အချက်အလက်များအရ သိရပါတယ်။

မနေ့က စက်တင်ဘာလ ၂၇ ရက်၊ မိုးလင်းဝအချိန်ကလည်း စစ်ကော်မရှင်လေတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားတာလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်။

Related posts

စုပေါင်းခွန်အား အာရကန်ဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမည်

Rakhita Times

အာရက္ခပြည်သူများ စံနမူနာယူစရာ မဟာသစ္စာသျှင်ဦးထွန်းအောင်

Rakhita Times

စစ်တွေမှာ ဒကစ မိသားစုတွေကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

Rakhita Times

Leave a Comment