NewsPolitic

အာရက္ခတော်လှန်ရေးမှာ မြိုလူငယ်တွေ ပါလာတာကို ကြိုဆို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်မှာရှိတဲ့ မြိုလူမျိုး လူငယ် ရာနဲ့ချီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သူတို့ရဲ့ ရပ်ရွာဒေသကို ကာကွယ်နိုင်ဖို့အတွက် အာရက္ခတပ်တော်ထံမှာ စစ်သင်တန်းတက်ရောက်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုလိုမျိုး အာရက္ခတပ်တော်ရဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ရက္ခိုင်မှာရှိတဲ့ မြိုလူမျိုးတွေအပါအဝင် ရက္ခိုင်က ပြည်သူလူထုတွေ ပါဝင်လာတာကို ဂုဏ်ယူစွာ ကြိုဆိုတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တချို့သော မလိုတဲ့သူတွေပေါ့ဗျာ အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုကို မမြင်နိုင်တဲ့သူတွေကတော့ ဘလိန်း ကြမှာပေါ့ဗျာ။ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထ ရှိတာပါပဲ။ ဒါပေမယ့် ကျနော်ပြောချင်တာကလေ မြိုအပါအဝင် ရက္ခိုင်မှာရှိတဲ့ လူမျိုးတွေ အလီလီ ရှိတယ်ဗျာ။ လူမျိုးတွေကလည်း ဒါက သူတို့ အဖပြည်ပဲလေ။ ဒီမြေကို ကာကွယ်ဖို့အတွက် သူတို့ တော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်ကြမှာပဲ။ မြိုတွေ၊ ဒိုင်းနက်တွေမကပါဘူး။ မွတ်ဆလင်တွေ၊ အဲဒီမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေလည်း ရက္ခိုင်ပြည်မှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့အတွက် သူတို့တွေလည်း ပူးပေါင်းပါဝင်တယ်။ အခုချိန်ထိလည်း ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ ရက္ခိုင်ပြည်က အားလုံးနဲ့ဆိုင်တယ်။ အဲဒီအတွက် ရက္ခိုင်ပြည်မှာနေတဲ့ တိုင်းရင်းသားအပါအဝင် ဘာသာလူမျိုး မခွဲဘဲနဲ့ ငါတို့ အဖမြေကို ကာကွယ်ဖို့ ပူးပေါင်းပါဝင်တဲ့ဟာကို ကျနော့်အနေနဲ့ ဝမ်းမြောက်စွာ၊ ဂုဏ်ယူစွာ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မြိုတိုင်းရင်းသားလူမျိုးတွေဟာ မောင်တောမြို့ မြောက်ပိုင်းမှာရှိတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို မကြာခဏ ခံနေရတာကြောင့် ကိုယ့်ရဲ့ရပ်ရွာ လုံခြုံရေးအတွက် လူငယ်တွေ တတ်ထားသင့်တဲ့ ကာကွယ်တိုက်ခိုက်ရေးပညာကို တတ်မြောက်လိုခြင်းနဲ့ လက်ရှိ အာရက္ခပြည်ရဲ့ ပြောင်းလဲလာမှုကို ဆန်းစစ်ပြီးတော့ မြိုလူမျိုး မျိုးနွယ်စုဟာ ရက္ခိုင်ပြည်က ကျန်မျိုးနွယ်စုတွေ အားလုံးနဲ့ တသားတည်းရှိတယ်ဆိုတာကို ထုတ်ဖော်ပြသကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး မောင်တောက မြိုလူမျိုးစု လူငယ်တွေ ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်ပြီး မြိုတိုင်းရင်းသားတစ်ဦးက “ အဲဒါကတော့ လူတစ်ယောက်ရဲ့ ခံယူချက်ကို ကျနော်တို့က ပြောလို့လည်း မရတဲ့အခါကျတော့လေ သူတို့ရဲ့ ယုံကြည်ရာ ယုံကြည်ကြောင်းကို လုပ်မှာပါ။ ကျနော်ကတော့ သူတို့ဟာသူတို့ လုပ်တဲ့အတွက်ကြောင့်လို့ပဲ မှတ်ချက်ပေးပါတယ် သူတို့ခံယူချက်နဲ့သူတို့ ရပ်တည်ကြတာဆိုတော့လေ။ ကျနော်တို့ မြိုတိုင်းရင်းသားဆိုပေမယ့် မောင်တောဘက်က မြိုတွေနဲ့ ဒီကမြိုတွေနဲ့တော့ သိပ်မတူဘူးပေါ့လေ။ သူတို့ကတော့ အရင်တုန်းက မူရွတ်ဆားလို့ ခေါ်ကြတာပေါ့။ ဒါပေမယ့် ကျနော်တို့က မြိုတွေပေါ့လေ။ ၁၉၄၇ ခုနှစ်မတိုင်ခင် နာမည်နဲ့ သွားနေတဲ့ မြိုတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ခံယူချက်နဲ့ သူတို့ရဲ့ ယုံကြည်ချက်နဲ့တော့ မတူတဲ့အခါကျတော့ ကျနော်တို့က သူတို့လည်း ကောင်းတယ်ဆိုမှ လုပ်ကြတာပဲ။ ကျနော်တို့လည်း ဘာပဲဖြစ်ဖြစ် အဓိကတော့ ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ရယ်၊ ဒုက္ခရောက်နေတဲ့သူတွေ နေဖို့ရယ် အဲဒါတွေပဲ ကျနော်တို့ လုပ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က မွတ်ဆလင် လက်နက်ကိုင် ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ကာကွယ်ဖို့နဲ့ ရပ်ရွာလုံခြုံရေးအတွက် မောင်တောက မြိုလူငယ်တွေကို အခြေခံ စစ်သင်တန်း ပေးနေတယ်လို့ သိရပါတယ်။

Related posts

မြောက်ဦးတွင် ရှေးဟောင်း ရွှေထည်ရတနာများနဲ့ ရက္ခိုင်ဘုရင် လက်ထက် ငွေဒင်္ဂါး ၁၅၀ ခန့် တွေ့ရှိ

Rakhita Times

စကမဟာ အလွန်သူရဲဘောကြောင် အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ဦးခိုင်သုခပြော

Rakhita Times

မျိုးသုဉ်းလုနီးပါး လိပ်မျိုးစိတ် လိပ်စောင်းလျားကို မြေပုံတွင် တွေ့ရှိ

Rakhita Times

5 comments

Leave a Comment