NewsPolitic

ကျောက်တော်ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်ရပ်စဲမှု ချိုးဖောက်တဲ့ မှတ်တမ်းလို့ HDCO ပြော

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့ကို ဒီနေ့ မိုးလင်းဝတွင် စစ်ကောင်စီက လေယာဉ်နဲ့ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ လေကြောင်းတိုက်ခိုက်မှုများဟာ ဧပြီလ ၂ ရက်က စတင်ပြီး SAC ကိုယ်တိုင် ကြေညာခဲ့တဲ့ ပစ်ခတ်ရပ်စဲမှု (ရက်ပေါင်း ၂၀) ကို ချိုးဖောက်တဲ့ အရေးကြီးတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်” လို့ HDCO (Humanitarian and Development Coordination Office) က ထုတ်ပြန်ပြောဆိုပါတယ်။

ပြည်သူများအပေါ် အန္တရာယ်များ ဖြစ်စေနိုင်တဲ့ လက်နက်များကို ပြည်သူတွေ နေထိုင်ရာ ဒေသများ၊ ရပ်ကွက်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ အပြင်းအထန် စိုးရိမ်စရာဖြစ်တဲ့အပြင် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီပဲ ဂျနီဗာ စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက် ၀၂:၃၉ မိနစ် အချိန်တွင် မကွေးလေတပ်စခန်းက ပျံသန်းလာတဲ့ Jet Fighter တစ်စီးဟာ ကျောက်တော်မြို့ပေါ်ရှိ ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ စတဲ့ ရပ်ကွက်များကို ပထမအကြိမ် Rocket ဗုံးသီးတစ်လုံး၊ ၀၂:၄၄ မိနစ် အချိန်ခန့်မှာ ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးသီးတစ်လုံး၊ ထပ်မံပြီး မကွေးလေတပ်က ပျံသန်းလာတဲ့ Jet Fighter ဒုတိယတစ်စီးက ၀၂:၄၇ အချိန်ခန့်တွင် တတိယအကြိမ် Cluster ဗုံး (၄) လုံး နဲ့ ၀၂:၅၁ မိနစ်အချိန်ခန့်တွင် မကွေးလေတပ်စခန်းက Jet တစ်စီး ထပ်မံ ပျံသန်းလာကာ Cluster ဗုံးသီး (၇) လုံးနဲ့ စတုတ္တအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများတွင် ကလပ်စတာဗုံးများ အသုံးပြုခဲ့တာဟာ လွန်စွာစိုးရိမ်ဖွယ်ဖြစ်ပြီး ကလပ်စတာဗုံးများဟာ သက်တမ်းရှည်စွာ မပေါက်ကွဲပဲ (bomblets) များအဖြစ် ကျန်ရှိနေတတ်လို့ ဒေသခံပြည်သူများအတွက် အလွန်အန္တရာယ် ဖြစ်စေနိုင်တာဖြစ်ပြီး လူသားချင်းစာနာရေး လုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်တယ်လို့ HDCO က ဆိုပါတယ်။

HDCOရဲ့ စစ်ဆေးချက်များအရ Cluster ဗုံးများကနေ ထွက်ကျလာတဲ့ မပေါက်ကွဲသေးသော ဗုံးအသေးများဟာ အဆိုပါရပ်ကွက်များ အနီးတဝိုက်တွင် အခုအချိန်ထိ ကျန်ရှိနေနိုင်တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ လူသားချင်းစာနာရေးလုပ်ငန်းတွေမှာ ပါဝင်သူများအနေတဲ့ ဒီအခြေအနေများကို အနီးကပ် စောင့်ကြည့်ကြဖို့နဲ့ မပေါက်ကွဲသေးတဲ့ပစ္စည်းများကို ဖယ်ရှားရေးအတွက် အထောက်အကူပြုဖို့နဲ့ ထိခိုက်ခံရတဲ့ ဒေသခံများကို လိုအပ်တဲ့ကာကွယ်မှုနဲ့ အကူအညီများ ချက်ချင်းရရှိစေရန် ဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါတယ်လို့ HDCO က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

Related posts

ခရီးသည် ၄၀၀ ခန့်လိုက်ပါလာသည့် သင်္ဘော စစ်တွေမဝင်ရ

Rakhita Times

ညီနောင်မဟာမိတ်ဖွဲ့တာ ၁၅ နှစ် ရှိပြီ

Rakhita Times

သာပေါင်းတိုက်ပွဲတွင် စကမတပ်သား တရာကျော်သေဆုံးနေ

Rakhita Times

Leave a Comment