BusinessNewsPolitic

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီ ၂၀၂၅)

စစ်ကောင်စီက တိုင်းတစ်တိုင်းနှင့်တစ်တိုင်း နယ်ကျော်ပြီး စပါးတိုက်ရိုက် သယ်ယူခွင့်ကို ကန့်သတ်ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းက စပါးကို ရန်ကုန်ကို သယ်ပြီး ကြိတ်ချင်တာဖြစ်ဖြစ်၊ ပဲခူးတိုင်းကို သယ်ချင်တာ၊ ရောင်းချင်တာဖြစ်ဖြစ် လုပ်လို့မရကာ ဆန်ကိုပဲ တိုက်ရိုက် သယ်ခွင့်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေနဲ့ အာရက္ခတပ်တော်ထံကို ရိက္ခာအနေနဲ့ စပါးတွေ ရောက်သွားမှာကို စိုးရိမ်တာကြောင့် အခုလို လုပ်နေတာဖြစ်ပြီး ဒေသခံ မွေးမြူရေးသမားတွေအတွက် မွေးမြူရေးအစာတွေ မရှားပါးရအောင်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး နယ်ကျော် စပါးတိုက်ရိုက် သယ်ယူခွင့်ကို ပိတ်ထားတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးက စပါးစိုက်တောင်သူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တိုင်းကျော်ပြီးတော့ စပါးသယ်လို့ မရဘူး။ ဥပမာ ရန်ကုန်တိုင်းထဲက ဒီဘက်က ဧရာဝတီတိုင်းထဲက လာမယ်ဆိုရင် ပန်တိုင်တို့ ဘာတို့ အဲဒီဘက်က ဆန်စက်တွေကို ဒီဘက်ကနေပြီးတော့ စပါးတိုက်ရိုက် သယ်လို့မရဘူး။ ဆန်ပဲ သယ်ခွင့်ရှိတယ်။ တချို့မှာ ဧရာဝတီတိုင်းထဲက ဆန်စက်နဲ့ မလောက်လို့ ရန်ကုန်တိုင်းထဲ သွားပြီးတော့ ရောင်းချင်တယ်၊ ကြိတ်ချင်တယ်ဆိုပေမယ့် လုံးဝ သယ်တာ မရဘူး။ သူကတော့ အကြောင်းအမျိုးမျိုး ပြောတာပေါ့။ တိုင်းထဲမှာရှိတဲ့ မွေးမြူရေးသမားတို့ ဆန်ဖွဲတို့ ဖွဲတို့ပေါ့ကွာ ရှားပါးမှုမဖြစ်အောင် ဘာညာလည်း ​ပြောတာပေါ့။ ဒါပေမယ့်လည်း ဒီဥစ္စာတွေက သဘာဝကျတဲ့ ဖန်တီးမှု မဟုတ်ဘူး။ တကယ်တော့ အခု အစို၊ အခြောက် ဖြစ်နေတဲ့ အခုလိုအချိန်မှာတော့ လွတ်လပ်စွာ ပြည်မထဲမှာရှိတဲ့ ဥပမာ ရက္ခိုင်မသွားရဘူး၊ ချင်းမသွားရဘူး အန်ကယ်တို့ လက်ခံတယ်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် ဒီ ၃ တိုင်းကိုတော့ သွားလာလှည့်ပတ်မှုကို မပိတ်ပင်သင့်ပါဘူးလို့ ထင်ပါတယ်လို့ အကြံပြုချင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဆန်စက်တွေ ရှိပေမယ့် ထွက်ရှိတဲ့ စပါးနဲ့ ဆန်စက်အရေအတွက်က လုံလောက်မှု မရှိတာကြောင့် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက ဆန်စက်တွေမှာ သွားပြီး ကြိတ်နေရတာပဲ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို ပိတ်လိုက်တာကြောင့် ဧရာဝတီတိုင်းက တောင်သူတွေမှာ စပါးဈေးကောင်းမရတာတွေ ဖြစ်ပေါ်နေပြီး စပါးဝယ်တဲ့ ကုန်သည်၊ ပွဲစားတွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စပါးတိုက်ရိုက် သယ်ယူခွင့်ကို ခွင့်ပြုပေးမယ်ဆိုရင် တောင်သူတွေအတွက် အထောက်အကူဖြစ်စေသလို ကုန်သည်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက်လည်း ရောင်းရတာ၊ တင်ပို့ရတာ လွယ်ကူသွားမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီရယ်၊ ရန်ကုန်ရယ်၊ ပဲခူးရယ် ဒီ ၃ တိုင်းလောက်ကတော့ စပါးတိုက်ရိုက် သယ်ယူခွင့်ကိုတော့ ခွင့်ပြုသင့်ပါတယ်။ ဒါက နယ်စပ်နဲ့လည်း border trade လည်း မဟုတ်ဘူးလေ။ Border trade ရှိတဲ့ ပြည်နယ်တွေကို သယ်မယ်ဆိုရင်တော့ တမျိုးပေါ့။ အဲဒီတော့ ရန်ကုန်ဆန်စက်တွေကို ရောက်သွားရင်လည်း exporter တွေအတွက်လည်း ကြိတ်လို့၊ ရောင်းလို့ လွယ်တယ်။ ရန်ကုန်မှာလည်း ဆန်စက်အကြီးကြီးတွေ ရှိတယ်လေ။ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဆိုတာလည်း ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ဆန်စက်တွေပေါ့။ အဲဒီလိုမျိုးတွေ ခွင့်ပြုသင့်ပါတယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မိုးနဲ့လေနဲ့ စပါးတွေ စိုနေတဲ့အချိန်မှာတော့ ဒါလေးတွေက တကယ်လို့ ခွင့်ပြုမပေးတဲ့အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်မလဲ၊ ဒါလုပ်လိုက်တဲ့အတွက် တကယ်လို့ ခွင့်ပေးလိုက်ရင်လည်း တောင်သူတွေအတွက် ဘယ်လောက်အထောက်အကူပြုမလဲ၊ နောက်ပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဘာရေးကိုလည်း ဘယ်လိုမှ အနှောင့်အယှက် မပြုနိုင်ဘူးလို့ အန်ကယ်တို့မြင်တယ်” လို့ ပြောပါတယ်။

အဲဒါအပြင် လက်ရှိ နွေစပါးရိတ်သိမ်းကာလမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလိုက်တာကြောင့် စပါးတွေ ရေစိုပျက်စီးတာတွေ ရှိတဲ့အတွက် အချိန်မီ အခြောက်ခံဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခြောက်ခံဖို့အတွက်ကို စပါးတိုက်ရိုက် သယ်ယူခွင့်ကို ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

Related posts

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

Rakhita Times

ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံး/ဒဏ်ရာရခဲ့တဲ့ ပလက်ဝဒေသခံတွေကို AA က ငွေကျပ် ၂၀၃ သိန်း ထောက်ပံ့

Rakhita Times

ရသေ့တောင်တွင် ၃ ရက်အတွင်း မိုင်းအလုံးရေ ၂၀၀ ခန့် AA ရှင်းလင်း

Rakhita Times

3 comments

sysadmin 296 မတ် 9, 2026 at 2:28 ညနေ

Услуги по настройке https://sysadmin.guru и администрированию серверов и компьютеров. Установка систем, настройка сетей, обслуживание серверной инфраструктуры, защита данных и техническая поддержка. Помогаем обеспечить стабильную работу IT-систем.

Reply
unblocked games 712 မတ် 9, 2026 at 3:30 ညနေ

A website with unblocked games for free online play. Popular browser games, arcades, platformers, racing games, and puzzles are available with no downloads or restrictions on any device.

Reply
prodvijenie saitov v moskve_ibea မတ် 12, 2026 at 4:51 ညနေ

оптимизация и продвижение сайтов москва [url=https://prodvizhenie-sajtov-v-moskve16.ru/]оптимизация и продвижение сайтов москва[/url] .

Reply

Leave a Comment