NewsPolitic

အပစ်ရပ်စဲပြီး ရက္ခိုင်ကို စစ်ကောင်စီက ၄၀၉ ကြိမ် တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည်ကို ငလျင်ကြောင့် အပစ်အခတ် ရပ်စဲထားတဲ့ စစ်ကောင်စီဟာ ၄၀၉ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီက သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ceasefire ကို လေးစားခြင်းမရှိဘဲ ဧပြီ ၂ ရက် ကနေ ၂၂ ရက် အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နဲ့ ပေါက်တော တို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်” လို့ Humanitarian and Development Coordination Office – HDCO က ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာရရှိသူထဲတွင် အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၅ ဦး ပါဝင်ခဲ့ပါတယ်။

ထို့ပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင် နဲ့ ဘာသာရေးအဆောက်အအုံ ၁ ခု ပျက်စီးခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကောင်စီဟာ တိုက်လေယာဉ်များနဲ့ လေကြောင်း တိုက်လိုက်ခြင်း၊ ဒရုန်းများနဲ့ တိုက်ခိုက်ခြင်း၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခြင်း၊ ရေတပ်သင်္ဘောများကနေ ပစ်ခတ်ခြင်း နဲ့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း စတဲ့ တိုက်ခိုက်မှုများနဲ့ တိုက်ခိုက်တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့် ပထမအကြိမ်အဖြစ် ဧပြီလ ၂ ရက် ကနေ ၂၂ ရက် အထိ အပစ်ရပ်ကြေညာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးတယ်လို့ ကြေညာထားပါတယ်။

Related posts

Silent Message ဓာတ်ပုံပြပွဲက ပုံတချို့(ဓာတ်ပုံသတင်း)

Rakhita Times

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိ၊ ထွက်ပေါ်နေတဲ့ သတင်းဟာလည်း လုပ်ကြံခြင်းသာဖြစ်တယ်လို့ ALP ဆို

Rakhita Times

တောင်ကုတ်က လူသတ်တရားခံ ၂ ဦးကို ဒီလပ် ဖမ်းဆီး

Rakhita Times

178 comments

Leave a Comment