NewsPolitic

ကျောက်ဖြူမှာ ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သုံပန်းတွေကို AA ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၅)

ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီတပ်က ဒုတိယ ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်သုံပန်း အမြောက်အမြားကို လက်ရဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က (၃၀ မေ) ညနေ ၃ နာရီလောက်မှာ မင်းတက်တောင်ရွာ မြောက်ဖက်  မီတာ (၆၀၀) အကွာက စက်မှု၊ လက်မှုသင်တန်းကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်တာမှာ ဖမ်းမိတာ အများကြီးပဲ။ တိုင်းဦးစီးမှူးတောင် မိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါတိုက်ပွဲအပြီးမှာ အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီတပ်က တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ – ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် နဲ့ စစ်သုံပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ တပ်မ (၁၁)၊ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်၊ ( အလုပ်သင်ဗိုလ် ၂၇) ကို စနိုက်ဘာနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဗျူဟာမှူးနဲ့အတူ စစ်ကောင်စီအလောင်း ၃၀ ကျော် နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ တရုတ်ဂက်စ်ပိုက်လိုင်းတည်ရှိရာနဲ့ မီတာ (၆၀၀၀) ကျော်ပဲ ကွာဝေးတော့ကြောင်း သိရပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်နေမှုကြောင့် စစ်ကောင်စီတပ်မှ တပ်သားတွေ အလံဖြူထောင် အလင်းဝင်ရောက်မှုတွေလည်း များပြားနေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ AA ကို တိုက်ခိုက်နိုင်တဲ့ အဖွဲ့မရှိ

Rakhita Times

စကမ နေဗီက ငပလီဒေသခံ ငါးဖမ်းသမား ၅ ဦးကို ဖမ်းဆီး၊ စက်လှေသိမ်းပြီး နေဗီပေါ်ကနေ ပင်လယ်ထဲကန်ချ

Rakhita Times

စကမရဲ့ လုပ်ရပ်တွေကို အာရက္ခပြည်လုံးဆိုင်ရာ ပရဟိတအသင်းများကွန်ရက်အပါအဝင် ပရဟိတအသင်းအဖွဲ့ ၃၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

Rakhita Times

17 comments

Leave a Comment