EducationNewsPolitic

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဦးကျော်သာအောင် ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၅)

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဆရာကြီးဦးကျော်သာအောင်ဟာ ဇွန်လ ၉ ရက်က ရန်ကုန်တိုင်း လှည်းကူးမြို့ ရွှေလပြည့်ပုဂ္ဂလိကဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆရာကြီးဦးကျော်သာအောင်ကို ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ချင်းပြည်၊ ပလက်ဝမြို့နယ်၊ လူသူအ‌ရောက် နည်းပါးပြီး တောင်ပေါ်ဒေသလည်းဖြစ် အိမ်ခြေ (၄၀) ဝန်းကျင်ခန့်သာရှိတဲ့ ခူးလူမွှေးကျေးရွာတွင် ခါလိမ်မျိုးနွယ်စုဖြစ်တဲ့ ဖခင်ဦးကောင်းဖြူ နဲ့ မိခင်ဒေါ်မယုတို့က မွေးဖွားသန့်စင်ခဲ့ပြီး၊ မွေးချင်းညီအစ်ကို မောင်နှမ (၆) ယောက်ရှိပါတယ်။

ဆရာကြီးကျော်သာအောင်ဟာ မြို (ခမိ) စာပေဖော်ထုတ်ရာတွင် အောင်မြင်မှုမရရှိသေးတဲ့အတွက် စာပေဖော်ထုတ်လိုတဲ့ စိတ်ပေါ်ပေါက်လာခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူကာ မြို (ခမိ) စာပေဖော်ထုတ်ရန်အတွက် ကြိုးစားခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ရုက္ခဗေဒအထူးပြုဘာသာရပ် (B.A Botany) ဘွဲ့ကို ရရှိခဲ့ပါတယ်။ ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သူ မြို (ခမိ) လူမျိုးစုထဲတွင် ဒုတိယမြောက် ဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာကြီးဦးကျော်သာအောင်ဟာ ၁၉၉၇ ခုနှစ်၊ ဧပြီလ စာပေပညာရှင်များ၊ စာပေဖြစ်အောင် ဖော်ထုတ်ခံခဲ့သူများနဲ့အတူ ပထမဆုံး သင်းပုန်းကြီးစာအုပ် (Premier) အောင်မြင်စွာ ထုတ်နိုင်ခဲ့ပါတယ်။

“ဆရာကြီးဦးကျော်သာအောင်က ကျနော်တို့ မြိုလူမျိုးတွေ အတွက် အဖိုးဖြတ်လို့မရတဲ့ လူပုဂ္ဂိုလ်တစ်ဦးပါ။ ဆရာကြီးက သည်းခံပါရမီ၊ မဆုတ်မနစ် ကြိုးစားမှု၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေအတွက်နဲ့ပတ်သက်ပြီး ဘယ်တော့ မှ ပင်ပန်းတယ်လို့ မငြီးငြုးခဲ့ဖူးသူပါ။ ဒီလိုမျိုး ပုဂ္ဂိုလ် ထပ်ပေါ်လာဖို့ ဆိုတာ ၁၀၀၀ မှာ တစ်ယောက်တောင် မျှော်လင့်ချက်မရှိလောက်အောင် ပါ။ အဲလောက်ထိ နစ်နာရပါတယ်” လို့ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးသိန်းအောင် က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ “ဆရာကြီးဦးကျော်သာအောင် ကွယ်လွန်ခြင်းဟာ မြို (ခမိ) တစ်မျိုးသားလုံးအတွက် ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ရခြင်းဖြစ်ပြီး၊ အမျိုးသားရေး၊ ပညာရေး၊ ဘာသာရေး နဲ့ စာပေအရေး အခန်းကဏ္ဍအသီးသီးတွင် မျိုးချစ်စိတ်ဓာတ်အပြည့်အဝနဲ့ အနွံတာခံ တာဝန်ကျေပွန်မှုကို ဂုဏ်ယူစွာနဲ့ ဂါဝရပြုရင်း၊ အဖရင်ခွင်တော်တွင် ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ” လို့ မြိုတက္ကသိုလ်ကျောင်းသူ/ကျောင်သားများအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်တွင် ဆရာကြီးဦးကျော်သာအောင် ဦးဆောင်ပြီး ဖော်ထုတ်ခဲ့တဲ့ မြို (ခမိ) စာပေဟာ နိုင်ငံတကာဘာသာစကား ကုဒ်နံပါတ် ISO-639-3 Mro [cmr] ဖြင့် တည်ရှိနေပါတယ်။

Related posts

စစ်ကျန်လက်နက် ပေါက်ကွဲလို့ ပေါက်တောမှာ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

Rakhita Times

ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားသူ မာမီဆူး MBE ဆုချီးမြှင့်ခံရ

Rakhita Times

Leave a Comment