NewsPolitic

စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် တောင်ကုတ် ဒေသခံ ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ ဇွန် ၂၀၂၅)

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ရက္ခိုင်ပြည် တောင်ကုတ်မြို့က ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက် နေလည်ပိုင်းက စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာ ၁ လမ်းနေ အသက် ၄၅ နှစ် အရွယ် ဦးသိန်းဝင်းဟာ ဒဏ်ရာပြင်းထန် ရရှိခဲ့ပါတယ်။

“ ဒဏ်ရာက တော်တော်လေးပြင်းတော့ ဆေးကုနေရင်းနဲ့ နောက်နေ့မှာ ဆုံးသွားတယ်။ မနေ့ကတော့ သူ့ကို သင်္ဂျိလ်ပေးလိုက်ပြီ” လို့ တောင်ကုတ်မြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးသွားသူမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာ ၁ လမ်းနေ အသက် ၄၅ နှစ်အရွယ် ဦးသိန်းဝင်း ဖြစ်တယ်လို့ သိရပါတယ်။

ဦးသိန်းဝင်းဟာ တောင်ကုတ် – ပန်းတောင်းလမ်း ဘိုးဘွားရိပ်သာအနီးမှာရှိတဲ့ သူ့ရဲ့လယ်မှာ ကန်သင်းလုပ်ရာကနေ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့နယ်မြေတွေမှာ မြေမြှုပ်မိုင်းများစွာ မြှုပ်နှံခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကို နေ့စဉ်ရက်ဆက် ရှင်းလင်းပေးနေပြီး သံတွဲ နဲ့ ဂွမြို့နယ်မှာ မြေမြှုပ်မိုင်း အလုံးရေ ၂၀၀၀ ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က သံတွဲပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ဆေးကုသပေး

Rakhita Times

ကျောက်ဖြူမြို့ AA လက်ထဲရှိနေပါက တရုတ်နဲ့ အပေးအယူလုပ်ကို လုပ်ရမှာ

Rakhita Times

Leave a Comment