BusinessNewsPolitic

တောင်ကုတ်က ပြည်မထွက်လာသူ ၃၀ ကျော် ပြည်တွင် အဖမ်းခံရ

အာရက္ခတိုင်းမ်စ် (၂၈ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်ကနေပြီးတော့ ပြည်မထွက်လာတဲ့ ရက္ခိုင်ပြည်သူ ၃၀ ကျော် ပြည်မြို့ နဝဒေးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရက္ခိုင်ပြည်သူတွေဟာ တောင်ကုတ်မြို့နယ် တန်းလွဲချောင်းက လက်ပန်ကျွန်း၊ သက္ကေကျွန်း နဲ့ ရွာမတိုက်နယ်က ပြည်သူတွေဖြစ်တယ်လို့ ပြည်မြို့ရောက် ရက္ခိုင်စစ်ဘေးရှောင် ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တချို့က အာရက္ခတပ်တော်ရဲ့ စစ်မှုထမ်းကြောင့် ရှောင်လာတဲ့သူတွေရယ် စားဝတ်နေရေးကြောင့် အလုပ်လုပ်ဖို့ ထွက်လာတဲ့သူတွေရယ် အားလုံးပေါင်း ၃၀ ကျော်တယ်။ အဖမ်းခံထားရတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တောင်ကုတ်ကနေ ပြည်ကို သွားစရိတ် ၁ ဦးကို ၁၈ သိန်း ပွဲစားကို ပေးရပြီး ၈ ရက်ကြာ လမ်းလျောက်ရတယ်လို့ သိရပါတယ်။ ပြည်မြို့ကို ထွက်ခွာလာသူတွေအနက် အချို့မှာ လမ်းခရီး ပင်ပန်းဒဏ်ကြောင့် လမ်းခရီးတွင် သေဆုံးမှုတွေ ရှိနေပါတယ်။

“ မနေ့က အဖမ်းခံထားရတဲ့ မိသားစုဝင်တွေက သွားထုတ်တာ သိန်း ၅၀ တောင်းတယ်။ မပေးနိုင်လို့ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူး” လို့ ပြည်မြို့ရောက် တောင်ကုတ်စစ်ဘေးရှောင် ၁ ဦးက အာရက္ခတိုင်းမ်းကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အလုပ်အကိုင်ရှားပါးမှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်မှုတွေကြောင့် ဒေသခံအချို့ဟာ ရက္ခိုင်ပြင်ပကို ထွက်ခွာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Related posts

ဘင်္ဂလား BGB က AA လုံခြုံရေးစခန်းကို ပစ်ခတ်

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး မနက်ဖြန် အမိန့်ချမယ်

Rakhita Times

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းအချို့ လေပြင်းတိုက်လို့ ပျက်စီး

Rakhita Times

3 comments

Skachat video s utyba_kdpa ဧပြီ 2, 2026 at 9:19 ညနေ

загрузчик видео с youtube skachat-video-s-youtube-3.ru .

Reply
Skachat video s utyba_bepa ဧပြီ 3, 2026 at 3:34 မနက်

сайт для скачивания видео с ютуба по ссылке skachat-video-s-youtube-3.ru .

Reply
rent yacht montenegro 340 မေ 6, 2026 at 1:13 မနက်

yacht rental Montenegro https://rent-a-yacht-montenegro.com

Reply

Leave a Comment