NewsPolitic

ဖက်ဒရယ်အစိုးရအဖြစ်ပြောင်းမယ့် NUG အနေနဲ့ ဘာတွေပြုပြင်သင့်လဲ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၅)

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင် ပြုတ်ကျဖို့၊ တော်လှန်ရေး အားကောင်းလာဖို့ ရည်ရွယ်ပြီး ဖက်ဒရယ် အစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းမယ်လို့ ပြောဆိုလာပါတယ်။

ဖက်ဒရယ်အစိုးရတစ်ရပ်အနေနဲ့ ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို မသိရသေးပေမယ့် တန်းတူအခွင့်အရေးတွေ ပေးဖို့လိုတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့ဘာတွေလုပ်ဦးမယ်ဆိုတာကို မသိဘူး။ ဒါပေမယ့် ကျမကြားသ‌လောက်တော့ တိုင်းရင်းသားကိစ္စတွေပေါ့နော်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားကိစ္စတွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံဖြစ်အောင် လုပ်မယ်ဆိုတာ ကြည့်ရတယ်။ တကယ်တော့ လူတိုင်းအားလုံးဟာ တန်းတူညီမျှမှုရှိရမယ်။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ပညာတတ်နဲ့ ပညာမဲ့တာနဲ့ အဲဒီလိုခွဲခြား ဆက်ဆံမှုတွေမရှိဘဲ တတ်နိုင်သမျှ လူတစ်ယောက်ရဲ့ အရည်အချင်းအပေါ်မူတည်ပြီး တန်းတူဆက်ဆံပြီး တန်းတူအခွင့်အရေးတွေ ပေးရမယ်ထင်တယ်။ အဲဒါဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်နဲ့တူပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိစုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ မန္တလေး လူထုလှုပ်ရှားမှုမှာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ထောက်ပြခဲ့တာပါ။

ဒါ့အပြင် စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကြာ အချိန်ကိုရောက်လာတဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အချိန်မနှောင်းမီ ပြုပြင်ပြောင်းလဲဖို့လိုပြီဆိုပြီးတော့လည်း စစ်ရေးနဲ့ နိုင်ငံရေးသမားတွေကလည်း ဝေဖန်ထောက်ပြနေကြတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ NUG အနေနဲ့ ဖက်ဒရယ် အစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းမှုကို အခုနှစ် မကုန်ခင် အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။

NUG အနေနဲ့ အခုလိုမျိုး ဝေဖန်ထောက်ပြကြတဲ့အပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီလိုပဲ အဖွဲ့အစည်းတွေက ကျမတို့ဆီမှာဆို အဲဒီအဖွဲ့အစည်းတွေက သိပ်ပြီး အလုပ်မဖြစ်မြောက် တော့ဘူးဆို ဒီလိုပဲ ပြောင်းလဲဖွဲ့စည်းကြတာတွေ ရှိပါတယ်။ NUG တို့ဘာတို့ ဆိုတာကလည်း ဝုန်းဒိုင်းနဲ့ ကောက်ပြီး လုပ်ကြရတာဖြစ်တော့ အမှားတွေ အယွင်းတွေလည်း ရှိရှာမှာပဲလေ။ အားနည်းချက်တွေ ဘာတွေလည်း ရှိမှာပဲ။ အခုလို ဝိုင်းပြီးပြောတာကို လက်ခံပြီး သူတို့ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲဖို့ လုပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲလေ။ ကျမတို့ ကြိုဆိုရမှာပေါ့။ ဝိုင်းပြီး ဝေဖန်ကြတဲ့လူတွေကလည်း အပြုသဘောတော့ ဆောင်သင့်တာပေါ့။ သူတို့ရဲ့ အားကောင်းချက်တွေကိုလည်း တစ်ဖက်က အသိအမှတ်ပြု၊ သူတို့အားနည်းတာကို ဝိုင်းဝန်းပြီးတော့ ကူညီတဲ့ဟာပေါ့။ ကျမတို့ စကားနဲ့ပြောရင်တော့ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေပေါ့။ ကောင်းစေချင်တဲ့စေတနာ အခြေခံပေါ်က ကောင်းတဲ့အချက်ပါ” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်မှာဖွဲ့စည်းခဲ့တဲ့ NUG ဟာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို တန်ပြန်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေထောက်ခံမှုရရှိထားတဲ့ တရားဝင်အစိုးရတစ်ရပ်အဖြစ် ရပ်တည်လှုပ်ရှားဖို့ဆိုပြီး ပေါ်ထွက်လာခဲ့တာပါ။

NUG အနေနဲ့ လက်ရှိတည်ရှိနေတဲ့ ဝန်ကြီးဌာန ၁၇ ခုထဲက မလိုအပ်တဲ့ဝန်ကြီးဌာနတွေကို ပယ်ဖျက်ပြီး ကျစ်ကျစ်လစ်လစ်ဖွဲ့စည်း သင့်တယ်လို့လည်း တော်လှန်ရေးသမားတွေက ထောက်ပြကြပါတယ်။

Related posts

ပုဏ္ဏားကျွန်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Rakhita Times

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

Rakhita Times

“လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ နေ့ရက်များ”

Rakhita Times

3 comments

kigalilife.co.rw ဩဂုတ် 5, 2026 at 11:11 မနက်

References:

Casino online argentina kigalilife.co.rw

Reply
clients1.google.ki ဩဂုတ် 6, 2026 at 4:28 မနက်

References:

Hillbilly casino clients1.google.ki

Reply
accessribbon.de ဩဂုတ် 6, 2026 at 6:38 မနက်

References:

Mobile casino online accessribbon.de

Reply

Leave a Comment