InterviewNewsPolitic

ရှေ့တန်းက ဆုတ်ခွာလာသူတွေကို စစ်ကောင်စီအရာရှိတွေကပစ်သတ်တယ်လို့ AA ထံ အလင်းဝင်လာသူ ပြော

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၅)

အမ်း-ပဒါန်း စစ်​မြေပြင်တွင် ​ရှေ့တန်းကနေပြီး တပ်ဆုတ်ခွာလာသူတွေကို စစ်​ကောင်စီအရာရှိတွေက ပစ်သတ်တယ်လို့ အာရက္ခတပ်​​တော်ထံ အလင်းဝင်ရောက်ခဲ့တဲ့ တပ်မ ၉၉ လက်အောက်ခံ ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်ကပြောပါတယ်။

“ကျွန်တော်တို့ ရှေ့ဆုံးမှာ ဆင်းရတာ များတယ်။ ဖိအားများလို့ ဆုတ်လာရင် အရာရှိတွေက မင်းတို့ ဘာလို့ ဆုတ်လာတာလည်းဆိုပြီး ပစ်တာများပါတယ်။ကျွန်တော့်ရှေ့မှာ သူငယ်ချင်းတယောက်က အရာရှိပစ်လို့ နောက်စေ့ ပွင့်သွားတယ်။ ကျွန်တော့မျက်မြင် ကိုယ်တွေ့ပေါ့ အဲ့ဒီလို မြင်ခဲ့ရတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့။ ထွက်ပြေးတဲ့သူ တော်တော်များများ ရှိပါတယ်” လို့လည်း ဆိုပါတယ်။

တပ်သားကို​နေလင်း​အောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်က အလုပ်ကနေ ပြန်လာချိန်တွင် စစ်​ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး​နောက် တပ်မ (၉၉) လက်​အောက်ခံ ခလရ (၇၉) ကို ပို့​ဆောင်ခံရသူလည်း ဖြစ်ပါတယ်။

Related posts

ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

Rakhita Times

ဗိုလ်ချုပ်ပြောတဲ့အတိုင်း ၂၀၂၆-၂၇ အတွင်း ကျန်မြို့တွေကို သိမ်းဖို့ ဒေသခံတွေ လိုလား

Rakhita Times

ဂွတွင် စစ်ကောင်စီဗုံးကြဲလို့ သားအဖနှစ်ဦး သေဆုံး

Rakhita Times

259 comments

Leave a Comment