အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ကျောက်တော်တောင် ဘုရားတက်လမ်းတွင် ရှေးဟောင်းကျောက်ပုလ္လင် တခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“သေလာဂီရီ မောရပ္ပတ (ခေါ်) ကျောက်တော်တောင် ဘုရားတက်လမ်းမှာ ဝသုန္ဒရေရုပ်ထုပါ ရှေ့ဟောင်းကျောက်ပလ္လင် တစ်ခုကို မြေကြီးထဲကနေ တွေ့ရှိတယ်” လို့ စာရေးဆရာ ဦးဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဝသုန္ဒရေ ဆိုတာဟာ မြေစောင့်နတ်တမျိုးဖြစ်ပြီး လူသေဆုံးတဲ့အခါမှာ သေဆုံးသူရဲ့ ဝိဉာဏ်ကို နတ်ပြည်၊ ငရဲပြည် စတဲ့ ၃၁ ဘုံ တခုခုကို ပို့ဆောင်ပေးရာတွင် ဆုံးဖြတ်ပေးတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။
“ရက္ခိုင် ရှေးဟောင်း ပလ္လင်တို့တွင် ဝသုန္ဒရေရုပ်ထုပါ ကျောက်ပလ္လင်တို့မှာ အတွေ့ရနည်းပြီး ရှားပါး ရှေ့ဟောင်း ကျောက်ဆစ်လက်ရာ တစ်ခုဖြစ်ပါတယ်” လို့လည်း စာရေးဆရာ ဦးဝေဟင်အောင်က ဆိုပါတယ်။
ဝသုန္ဒရေ မြေစောင့်နတ်မင်းကို သစ္စာရှိတဲ့နတ်မင်းလို့လည်း အသိများသလို အိုးပိုင်အိမ်ပိုင်ရရှိဖို့ရာလည်း ပူဇော်ကြပါတယ်။ အလားတူ အလှူအတန်းများလုပ်ပီး အမျှဝေရာတွင်လည်း မဟာပထဝီမြေကြီးကို အပိုင်စားသော ဝသုန္ဒရေနတ်မင်းကို တိုင်တည်သစ္စာပြု အမျှဝေလေ့ ရှိကြတယ်လို့လည်း သိရပါတယ်။

8 comments
References:
Online Casino Echtgeld Google Pay
References:
https://techniknews.top/item/608365
References:
Neosurf deposit at rocketplay casino
References:
https://md.swk-web.com/s/lancGlgCG
References:
Gold river casino
References:
https://graph.org/Rocketplay-Casino-Claim-Your-Neosurf-Bonus-04-15
References:
Dicks on steroids
References:
https://pad.stuve.de/s/HP36r6KhT
References:
Pink floyd live in pompeii
References:
https://hedgedoc.eclair.ec-lyon.fr/s/gOFhmmqTQ
References:
Online Casino mit Echtgeld
References:
https://pad.karuka.tech/s/hMaafzz7W
References:
Best legal anabolic
References:
https://vasundharadeep.news/796-2/
References:
Hard rock casino
References:
https://music.michaelmknight.com/anitratreadway