NewsPolitic

AA သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်

အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၅)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA ) က ဆယ်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမယ့် ဩဂုတ်လ ၁၁ ရက် တနင်္လာနေ့ မနက် ၁၀ နာရီတွင် ပြုလုပ်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အရင်လို ရက္ခိုင်ဘာသာစကားနဲ့ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လိုတဲ့ သတင်းထောက်တွေအနေနဲ့ ဒီလင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9) က တဆင့် စာရင်းသွင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စာရင်းသွင်းထားတဲ့ သတင်းထောက်တွေကိုသာ သတင်းရယူခွင့်ပေးသွားမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို Email က တဆင့် လိုအပ်တဲ့အချက်အလက်တွေကို ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်ရဲ့ ကိုးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက် စနေနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခု သတင်းစာရှင်းလင်းပွဲဟာ ၁ နှစ်ကျော်အကြာမှ ပြန်လည်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

Related posts

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

Rakhita Times

မင်းပြားတွင် သက်ကြီးရွယ်အို တဦး ရေနစ်သေဆုံး

Rakhita Times

218 comments

Leave a Comment