NewsPolitic

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ၊ ၂၀၂၄)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့်တောင်ကုတ်မြို့က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးရှောင် အနေ နှင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဆိုပါစစ်ဘေးရှောင်ထွက်ပြေးနေသူတွေဟာ တောင်ကုတ်ကနေတဆင့် ပြည်မဘက်ကို ထွက်ပြေးနေသူတွေ ရှိနေသလို တခြားဘေးလွတ်ရာ နေရာတွေကို နည်းလမ်းမျိုးစုံ နှင့် ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

အခုလို ပြည်မဘက်ကို တောလမ်းအတိုင်း ခြေကျင်ထွက်ပြေးနေကြရသူတွေထဲက တချို့မှာ လမ်းခရီး ကြမ်းတမ်းမှုဒဏ်ကြောင့် ပြည်မကို မရောက်နိုင်တော့ဘဲ ရိုးလမ်း အတွင်းမှာဘဲ အသက်သေဆုံးသွားသူတွေ ရှိနေတယ်လို့ ပြည်မဘက်ကို ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

“ပြည်မကိုထွက်လာတဲ့သူတွေထဲမှာ လမ်းမှာပဲ မရောက်နိုင်လို့ သေတဲ့သူတွေ များနေတယ်။ လက်ရှိလမ်းမှာ လာရင်းနဲ့ သေသွားတယ်လို့ confirm ဖြစ်တဲ့သူ ၂ ဦးရှိတယ်။ အဓိက လမ်းခရီးကြမ်းတဲ့ အတွက်ကြောင့် တောလမ်းကို ကုန်းကြောင်းလျှောက်ရတော့ တော်ရုံတန်ရုံလူက မခံနိုင်ဘူးလေ။ မိုင် ၇၀ ၊ မိုင် ၈၀ လောက် လမ်းလျှောက်ရတာ ဆိုတော့ လမ်းပြတွေကလည်း အရမ်းလမ်းကျွမ်းတဲ့ အထဲမှာ မပါတော့ အခက်အခဲတွေက တော်တော်ကို များတယ်လို့” သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နှင့် အာရက္ခတပ်တော် တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်ကတည်းပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွါးခဲ့တာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံ ပြည်သူတွေ ဟာ မိမိတို့ နေအိမ်အတွင်းမှာ မနေထိုင်ရဲတော့ပဲ အခုလို အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ဘေးရှောင်ထွက်ဖို့ ထွက်နေကြတဲ့ သူတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ၊ အာရက္ခတပ်တော်ရဲ့ စစ်ဆေးရေးဂိတ်တွေက စစ်ဘေးရှောင်ဖို့ ထွက်ခွါခွင့်မပြုတာကြောင့် ဒေသခံ ပြည်သူတွေဟာ ရိုးလမ်းအတိုင်း လမ်းပြတွေ ငှားရမ်းကာ စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေကြရတာလည်း ဖြစ်တယ်လို့ စစ်ဘေးရှောင် ထွက်ခွါ သူတွေက ပြောပါတယ်။

“စစ်ရှောင်ထွက်တဲ့သူတွေကိုက စကစဂိတ်တွေကလည်း ဖြတ်ခွင့်မပေးဘူး။ နောက်ပြီးတော့ ရေပေါ်ကြီး မှာ ရှိတဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဆေးရေးဂိတ်ကလည်း ပေးမဖြတ်ဘူး အဲဒါကြောင့် လမ်းပြတွေ ငှားပြီး တောလမ်းအတိုင်း ကုန်းကြောင်း လမ်းလျှောက်ထွက်နေကြရတာ။ သေသွားတဲ့ သူကတော့ အရမ်းအသက်ကြီးပိုင်းတွေတော့ မဟုတ်ဘူး။ အသက် ၅၀ အရွယ်တွေ လောက်ပဲရှိသေးတယ်လို့” သူက ဆိုပါတယ်။

ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေ ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ကတည်းကပင် တကျော့ပြန်တိုက်ပွဲဟာ ပြန်လည်စတင်ဖြစ်ပွါးခဲ့တာလည်းဖြစ်ပြီး စစ်ကောင်စီက ရက္ခိုင်ကို ကုန်းလမ်း၊ ရေလမ်းတွေကိုလည်း ပိတ်ဆို့ထားခဲ့သလို စားသောက်ကုန်တင်သွင်းခွင့် နဲ့ သွားလာခွင့်တွေကိုလည်း တားမြစ်ပိတ်ပင်ထားခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ အနေ နှင့် အခက်အခဲ များစွာ နှင့်ရင်ဆိုင်နေကြရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေပြီးတော့ တိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွားအများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ ပြည်သူ အများအပြားလည်း သေဆုံးခဲ့ပါတယ်။

Related posts

၂၀၂၅ နိုဝင်ဘာလကစပြီး အယ်နီညို ရာသီဥတု အခြေအနေ ဘယ်လို ဖြစ်လာနိုင်သလဲ?

Shine Bu Chay

ပုဏ္ဏားကျွန်းက ရွာ ၃ ရွာကို စကမဗုံးကြဲ

Rakhita Times

AA ရဲ့ လက်နက်ကိုင်မှုကြောင့် ရက္ခိုင်ပြည်သူတွေက သူတို့ဘဝကို ဖျက်ဆီးသလို ခံစားနေရလို့ ဒေါက်တာအေးမောင်ဆို

Rakhita Times

7 comments

Stephencar ဇူလိုင် 17, 2026 at 5:42 ညနေ

Только что опубликовано: https://pobedimautism.ru

Reply
Romanfer ဇူလိုင် 18, 2026 at 11:31 ညနေ

Узнать больше здесь: https://aromline.ru/index.php?productid=12486

Reply
lenta stalnaya 367 ဇူလိုင် 21, 2026 at 1:58 မနက် Reply
RobertHak ဇူလိုင် 28, 2026 at 3:27 ညနေ Reply
https://jobschoose.com ဩဂုတ် 11, 2026 at 2:56 ညနေ

References:

Video poker machines https://jobschoose.com

Reply
payidpokies1 ဩဂုတ် 19, 2026 at 9:19 ညနေ

Several guests mentioned that the views from the rooms were spectacular.

The hotel offers free parking, although it may be a bit hard to find during peak times such as Friday nights or Saturdays
due to events and parties. Great locationnice roomold townstaff was very friendlyroom servicehotel in nicerestaurant was closedfront desknice poolbeautiful lobby A 24-hour reception, a concierge
and an express check-in and check-out feature are just some of the convenient services at the hotel.
Save up to 20% off our best flexible rate when you book a stay that’s more than just a night away—it’s a chapter worth remembering.
Tour Hotel Albuquerque’s lobby.For business or social gatherings, our property features
over 62,000 square feet of versatile indoor and outdoor event space, ideal for conferences, weddings, and
events.

References:
payidpokies1

Reply

Leave a Comment