အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ Nyan Lynn Thit Analytica ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဇန်နဝါရီ ၂ ရက် ကနေ ဇန်နဝါရီ ၈ ရက်အတွင်း ရက္ခိုင်ပြည်၊ ရှမ်းပြည် (မြောက်ပိုင်း)၊ ချင်းပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ တရုတ်နိုင်ငံထုတ် Y-12 အမျိုးအစား ထောက်ပို့ယာဉ်တွေ၊ Yak-130 နဲ့ ဂျက်ဖိုက်တာတွေကို အဓိက အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇ ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃ဝ ဦး သေဆုံးခဲ့သလို ၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ရှောင်တွေကို ထောက်ပံ့ကူညီပေးပြီး ပြန်လာတဲ့ ပရဟိတ ယာဉ်တန်းကို ဇန်နဝါရီ ၅ ရက်မှာ စကမက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို စစ်ရေယာဉ်များကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါနေ့မှာပဲ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦး၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် နဲ့ ကန့်ဘလူမြို့နယ်တွေရှိ ကျေးရွာတွေကိုလည်း ဇန်နဝါရီ ၂ ရက် နဲ့ ဇန်နဝါရီ ၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့တာကြောင့် ကလေးတဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ် နဲ့ ထီးလင်းမြို့နယ်တွေရှိ ကျေးရွာတွေကိုလည်း ဇန်နဝါရီ ၆ ရက် နဲ့ ဇန်နဝါရီ ၇ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့တာကြောင့် ကလေးတဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ကလေးတဦး အပါအဝင် ရှစ်ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဘာသာရေးအဆောက်အဦ ၃ ခု၊ ပညာရေးအဆောက်အဦ ၁ ခု နဲ့ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ Nyan Lynn Thit Analytica က ဖော်ပြထားပါတယ်။

6 comments
Назначение
Ознакомиться с деталями – капельница от запоя на дому круглосуточно
Доступная помощь
Узнать больше – частный адиктолог
Вызвать нарколога на дом или обратиться в клинику нужно, если после снижения дозы или прекращения употребления самочувствие сильно ухудшается. Первый осмотр помогает определить степень абстиненции и понять, можно ли эффективно провести лечение в домашних условиях или безопаснее выбрать стационарное наблюдение.
Подробнее – narkologiya-vyvod-iz-zapoya
Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Ознакомиться с деталями – кодирование от алкоголизма на дому в щелково
Врач учитывает симптомы, риски, анамнез и семейную ситуацию, чтобы предложить подходящую программу.
Получить больше информации – вывод из запоя на дому цена в Красноярске
Наркологическая помощь может понадобиться как при недавно возникшей зависимости, так и при алкоголизме, который длится много лет. Врач уточняет стаж заболевания, частоту запоя, периоды трезвости и результаты прежнего лечения. Если зависимость существует 5 лет, 10 лет или более длительный срок, это влияет на выбор терапии и дальнейший план.
Подробнее – вызов нарколога на дом