BusinessEnvironmentNewsPolitic

မင်းပြားက ရေမြုပ်လယ်သမားတွေကို AA မျိုးစပါး ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ရေနစ်မြုပ်ခဲ့တဲ့ လယ်သမားတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

“မင်းပြားမှာတော့ လောလောဆယ် စပါးတောင်း ၁၀၀၀ ကျော်ပေးပါတယ်။ အခုလို ပေးတာက ဒုတိယအကြိမ်လို့လည်း သိရတယ်။ ပထမက မြောက်ဦးမှာလို့ သိရပါတယ်” လို့ မင်းပြားဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း တလျှောက်ရှိတဲ့ ချင်းဆိပ်၊ တောတန်း၊ မြင်းကဆိပ်၊ ဝါးတောင်၊ ဒုံကြီးနဲ့ ကုလားမတောင် ကျေးရွာက လယ်သမားတွေကို ဒီနေ့ မနက် ၁၁ နာရီခန့်မှာ မျိုးစပါးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“မြင်းကဆိပ်ရွာကို စပါးတောင်း၂၀၀၊ ဝါးတောင်ရွာကို စပါးတောင်း ၆၀၀၊ တောတန်းရွာကို စပါးတောင်း ၄၀၊ ဒုံကြီးရွာကို ၁၀ တောင်း၊ ကုလားမတောင်ရွာကို ၁၅ တောင်း၊ ချင်းဆိပ်ရွာကို စပါးတောင်း ၁၅၀ ရွာ ၆ ရွာခ တွက် စပါးတောင်း စုစုပေါင်း ၁၁၁၅ တောင်း ထောက်ပံ့ပေးခဲ့တယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါး တောင်း ၂၅၀ ပေးခဲ့တဲ့ ကျေးရွာတွေကတော့ မြောက်ဦးမြို့နယ်က ကျွဲတဲ၊ ဘူးတလုံး၊ အမြောက်တောင် နဲ့ နဂါးကွေ့ စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

ကျောက်တော်က စစ်ရှောင် ၈၇ ဦးကို ULA စားနပ်ရိက္ခာ ထောက်ပံ့

Rakhita Times

AA က မြို့ ၃ မြို့ကို သံတမန်လမ်းကြောင်းအရ ချန်ထားတာဖြစ်နိုင်

Rakhita Times

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

Rakhita Times

6,835 comments

Leave a Comment