NewsPolitic

ကျောက်ဖြူ မင်းပြင်ရွာကို စစ်ကောင်စီ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် မင်းပြင်ရွာက အထက်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက သြဂုတ်လ ၈ ရက် ည ၁၁ နာရီမှ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“ မနေ့ညက နှစ်ခါတောင် ဗုံးလာကြဲလို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ ပျက်စီးသွားတယ်” လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာကို ည ၁၁ နာရီ ၁၃ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၁၆ မိနစ်မှာ တကြိမ် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

အလားတူ စစ်ကောင်စီဟာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က သဒွတ္ထိန်ရွာ ဘုန်းကြီး​ကျောင်းကို ဇူလိုင်လ ၃၀ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။

ဇူလိုင်လ ၂၂ ရက် မနက်အစောတွင် စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ကျောက်ပြောက်ရွာက ဘုန်းတော်ကြီးကျောင်းကိုလည်း ဗုံး ၂ လုံး ကျဲချခဲ့လို့ ဘုရားကျောင်းခန်း နဲ့ ဓမ္မာရုံတို့ ပျက်စီးသွားခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ ဖျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – APM

Related posts

ရသေ့‌တောင်မြို့နယ် ဗုံးကြဲခံရမှု နေအိမ်နှစ်ဆောင်ထက်မနည်း ပျက်စီး

Rakhita Times

■ ထိုင်းမှာ အသေအပျောက်များတဲ့ ဆောက်လုပ်ရေး မတော်တဆမှုတွေကို လူထု ဒေါသထွက်

Rakhita Times

ရေကြည်တွင် AA ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment