NewsPolitic

ကျောက်ဖြူ သပြုတောင်ရွာကို စစ်ကော်မရှင် မီးရှို့ဖျက်စီး (Breaking News)

အာရက္ခတိုင်းမ်စ် (၁၆ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သပြုတောင်ရွာကို ဒီကနေ့ နေ့လည် ၁၂ နာရီ ခွဲလောက်က စစ်ကော်မရှင်တပ်သားများ ဝင်ရောက်မီးရှို့ဖျက်စီးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

“ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ တပ်ရင်းက တပ်သားတွေ ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့သွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကုလဘာ၊ လိပ်ခမော်ရွာသစ် နဲ့ ရွာဟောင်းကိုလည်း သြဂုတ်လ ၁၄ ရက်က ဒရုန်းနဲ့ လာရောက် ဗုံးကြဲ ဖျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီကနေ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း တင်ပြပေးသွားပါမယ်။

Photo – APM

Related posts

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

Rakhita Times

မြောက်ဦး ဆေးရုံကို စကမ ဗုံးကြဲတဲ့အပေါ် ရှုတ်ချကြောင်း အရွယ်စုံ Arakan Ladies ထုတ်ပြန်

Rakhita Times

တိုက်ပွဲဖြစ်ရင် စစ်တွေဒေသခံတွေ တိုက်ပွဲရှောင်ဖို့ မလွယ်နိုင်

Rakhita Times

162 comments

Leave a Comment