BusinessNewsPolitic

ကော့ကရိတ်တိုက်ပွဲ မြဝတီ အထိ ရောက်ဖို့ အလားမလာမရှိ

အာရက္ခတိုင်းမ်စ် (၁၉ ဩဂုတ် ၂၀၂၅)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေဟာ မြဝတီအထိ ရောက်ဖို့ အလားအလာ မရှိဘူးလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး နှစ်ဖက်စစ်ကစားနေကြတာဖြစ်ပြီး ကားအစီးရေ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ခန့်ကို ဖြတ်သန်းသွားလာခွင့် မပေးထားတဲ့အတွက် မဲဆောက်ဘက်မှာ သောင်တင်နေကြကြောင်း သူက ပြောပါတယ်။

“အောင်ဇေယျစစ်ကြောင်းနဲ့ ဒီဘက်က ပူးပေါင်းတပ်နဲ့က စစ်ကစားနေကြတာပေါ့။ သူလည်းမရောက်၊ ကိုယ်လည်းမရောက် ဖြစ်နေတာပေါ့။ ဒီဘက်အခြမ်း နယ်စပ်ဘက်တော့ အေးပါတယ်။ ဘာမှ အသံမကြားဘူး။ အဲဒီလမ်းပိုင်းမှာပဲ။ အားလုံးကြားသလောက်ပါပဲ ကျနော်လည်း အသေးစိတ်မသိပါဘူး။ မကျယ်ပါဘူး (စစ်ရေး)။ ကျယ်ရင် မြဝတီရောက်လာမှာပေါ့။ မြဝတီရောက်ဖို့ အလားအလာမရှိဘူး။ လမ်းကိုပြန်ပြီးတော့ ထိန်းချုပ်နိုင် အောင်လုပ်နေကြတာဆိုတော့ အခုလမ်းပေါ်မှာ ကားကြီး၊ ကားငယ်တွေကို အခွန်ကောက်နေတဲ့အဖွဲ့တွေနဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တိုက်တဲ့သဘောဖြစ်တော့ အခွန်ကောက်နေတဲ့လူတွေ ကောက်လို့မရအောင် ကားတွေ ပေးမကူးတော့ဘူးလေ။ မဲဆောက်မှာ ကား ၄၊ ၅၀၀ သောင်တင်နေတယ်ဆိုတော့။ ကားတွေမရှိရင် အခွန်မကောက်နိုင်ဘူး။ အခွန်မကောက်ရင် ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိရင် စစ်မတိုက်နိုင်ဘူးပေ့ါ။ အဲဒီသဘောနဲ့ လုပ်တယ်နဲ့ တူပါတယ်” လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ DKBA ခွဲထွက် ပူးပေါင်း အဖွဲ့ဟာ မြဝတီမြို့ နဲ့ ၄၁ မိုင်လောက်အကွာက ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် KNLA/PDF ပူးပေါင်းအဖွဲ့တွေ ဆီကနေ ဇူလိုင် ၂၄ ရက်မှာ ပြန်လည် သိမ်းယူထားတာပါ။

ဒါ့အပြင် မြဝတီကြားက လမ်းပိုင်းကိုတော့ KNLA/PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကော့ကရိတ်မြို့နယ်ထဲက တတန်ကူးရွာ ကနေ အာရှလမ်းပေါ်ကို သြဂုတ် ၂ ရက်က စပြီး စစ်ကြောင်းပြင်လာတာလို့ သတင်းတွေ ဖော်ပြထားကြတာပါ။

ကော့ကရိတ်မြို့နယ်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာသလို နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဒ့ါအပြင် ပြည်မကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို သွားတဲ့ လောင်စာဆီလမ်းကြောင်းကို ဖြတ်တောက်ထားတာ ရက်သတ္တပတ်ရှိနေပြီဖြစ်ပြီး ဒီလိုဖြတ်တောက်မှုကြောင့် မြဝတီမြို့ပေါ်မှာ လောင်စာဆီပြတ်လပ်ကာ စျေးမြင့်တက်နေတယ်လို့လည်း ‌ဒေသခံတွေထံက သိရပါတယ်။

တချိန်တည်းမှာပဲ စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မြန်မာ-ထိုင်း အမှတ် ၂ တံတား (မြန်မာဘက်ခြမ်း) ကို ယာယီပိတ်ထားလိုက်ပြီလို့လည်း သိရပါတယ်။

Related posts

မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

တောင်ကုတ်က လူသတ်တရားခံ ၂ ဦးကို ဒီလပ် ဖမ်းဆီး

Rakhita Times

TNLA က မအလ ဦးဆောင်တဲ့ အစိုးရကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

Rakhita Times

6 comments

ZacharyProdo စက်တင်ဘာ 2, 2026 at 11:31 ညနေ

Now thinking about how this post will age over the coming years, and a stop at lunivora suggested the same durability, content built to age well rather than to capture the attention of the moment is content with a different kind of value and this site has clearly chosen the long horizon over the short one.

Reply
Eanaveda စက်တင်ဘာ 3, 2026 at 12:31 မနက်

A piece that respected the reader by not over explaining the obvious, and a look at seamsecret continued that calibrated approach, finding the right level of explanation is one of the harder editorial calls and this site has clearly thought carefully about what readers will already know versus what they need help with consistently.

Reply
DevinPaf စက်တင်ဘာ 3, 2026 at 12:31 မနက်

During the time spent here I noticed the absence of the usual distractions, and a stop at mimosamarket extended that distraction free experience, content that does not fight my attention with pop ups and modals and aggressive prompts is content that respects me and this site has clearly chosen the respectful approach throughout.

Reply
Iratweta စက်တင်ဘာ 3, 2026 at 12:34 မနက်

Took my time with this rather than rushing because the writing rewards attention, and after clarvesta I had even more to absorb, the kind of content that pays back the patient reader rather than punishing them with empty filler is something I look for and rarely find in regular searches lately.

Reply
RickFague စက်တင်ဘာ 3, 2026 at 2:37 မနက်

Honestly this was the highlight of my reading queue today, and a look at wifiwizard extended that across more pages I will return to, ranking what I read against what else I read each day is something I do informally and this site keeps moving up in those rankings the more I explore it.

Reply
Bjornpok စက်တင်ဘာ 3, 2026 at 3:51 မနက်

Now recognising the post as a rare example of careful writing on a topic that mostly receives careless treatment, and a stop at vpnvault extended that contrast with the average elsewhere, content that highlights how much the average is settling for low quality is content that has both internal merit and external value as a benchmark.

Reply

Leave a Comment