ArticelsLife Style

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ (၅)

__ ___ __

နိုင်ငံရေး အကျဉ်းသား ကိုကျော်ဟန်

(ခ) ဝန်မခံရင် အရှင် ပြန်ထွက်ခွင့် မရှိတဲ့ နေရာ

****

(ဌေးဝင်း)

* * * * *

အခန်းထဲရောက်တော့ ထိုင်ဖို့ ကြိုးစားကြည့်တယ်။ ထိုင်လို့ မရ။ ဒူးကို ကုကွေးကြည့်တယ်။ ကွေးလို့မရ။ လက်တွေကလည်း ရမ်းပြီး ရောင်ကိုင်းနေတယ်။ လက်ဝါးတွေလည်း ဖူးရောင်နေကြတယ်။ လုံးဝ ထိုင်လို့ မရတော့ ငါ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး စဉ်းစားတယ်။ ရေကလည်း တအား ဆာနေတယ်။ ဒါပေမဲ့ သောက်စရာ ရေက မရှိ။

ဒါကြောင့် ငါ တဖြည်းဖြည်းချင်း အုတ်နံရံနားကို ရွှေ့ပြီး ကပ်ရပ်လိုက်တယ်။ ပြီးတော့ ခြေနှစ်ဘက်ကို ရှေ့ကို ဆန့်ထုတ်ပြီး ကြောကုန်းကို နံရံမှာကပ်ပြီး ငါ့ခန္ဓာကိုယ်ကို သမံတလင်းပေါ် မှာ လျှောချလိုက်တဲ့အခါ ခေါင်းနဲ့ သမံတလင်း ထိသံ ဒုန်းကနည်း မြည်သွားပြီး ငါလည်း ပက်လက်လန်ကျသွားတယ်။

အဲဒီနောက် ငါဟာ သတိလစ်သွားတာလား။ ဒါမှမဟုတ် နှိပ်စက်ခံထားရလွန်းလို့ ခန္ဓာကိုယ်ကို မခံနိုင်တော့လို့လားတော့ ငါလည်း မသိတော့ဘူး။ သေချာတာက ငါ ဘာမှ မသိတော့ဘူး။

နောက်နေ့ မိုးလင်းအာရုံလောက်မှ ပြန်သတိရလာတယ်။ သတိရလာတဲ့အချိန်မှာ ငါ့ ကိုယ်ခန္ဓာ တခုလုံးဟာ စိမ့်ပြီး ကိုက်ခဲနေကြတယ်။ ကိုယ်ကလည်း ခြစ်ခြစ်တောက် ပူနေတယ်။ နာလည်း အရမ်းနာတယ်။ ဖျားများ ဖျားလားလို့ နဖူးပေါ် လက်နဲ့ စမ်းကြည့်လိုက်တဲ့အခါ ငါ့လက်ဝါးတွေက အထိအတွေ့ကို ဘာမှ မခံစားရဘူး။ လက်တွေက သွေးမလျှောက်တော့ သူက ဘာခံစားမှုကိုမှ မပေးတော့ဘူး။

ငါ့နဖူးဟာ ပူသလား အေးသလားဆိုတဲ့ အာရုံ ခံစားမှု အသိကို လက်က မသိတော့ဘူး။ ငါ့လက်ကို ကြည့်လိုက်တော့ ရေနစ်ပြီး သေထားတဲ့ အသေကောင်ရဲ့ လက်လို ပွပြီး ရောင်ကိုင်းနေတာ တွေ့ရတယ်။

လက်ချောင်းလေးတွေကို ကုပ်ကြည့် ကွေးကြည့်လည်း မရဘူး။ တန်းနေကြတယ်။ ဘာမှ မတတ်နိုင်ဘူး။ အခန်းထဲမှာ ရှိတဲ့ ကုလား အဖိုးကြီးဆီမှာ ရေရှိတယ်။ သူ့ကို ငါက ငါ့ကို ရေနည်းနည်းပေးပါလို့ တောင်းပေမဲ့ သူက မပေးရဲဘူး။ ထောက်လှမ်းရေးတွေကလည်း ပြူတင်းပေါက်ကနေ ခဏခဏ လာလာ ချောင်းကြည့်နေတာကိုး။

အဲဒီလိုမျိုး ရေငတ်တဲ့ ဝေဒနာနဲ့ နာကြင်မှုဒဏ်ကို ကြိတ်မှိတ်ခံရင်းနဲ့ ငါဟာ သမံတလင်းပေါ်မှာ လှူးလှိမ့်ယင်း ပတ်လည် ရိုက်နေတယ်။ ဒီလို ဒုက္ခကို ရင်ဆိုင် ဖြတ်ကျော်ပြီး မိုးလင်းခဲ့ရတယ်။ မနက်ပိုင်းမှာ တပ်ကြပ်ကြီးလှမြင့် ငါ့ကို တခေါက် လာတွေ့တယ်။ သူက ငါ့ကို

“မင်း ဒီလို ဘူးခံပြီး ဆက်ငြင်းနေမလား။ မင်း ဆက်ငြင်းနေရင် ဒီထက် ပိုနာမယ်ဆိုတာ နားလည်ထား။ မင်းလို ဘူးခံနေတဲ့ ကောင်တွေကို ငါတို့ လက်စတုံးပစ်တဲ့ အလောင်းတွေ ရေတွက်လို့ မရအောင် ရှိနေပြီ။ မပြောရင် ဒီနေရာက အရှင် ပြန်ထွက်သွားရလိမ့်မယ်လို့ လုံးဝ မအောင့်မေ့နဲ့။ အသေထွက်ဘဲ ထွက်ရမယ်။ အေး မင်း အမှန်ကို ပြောမယ်ဆိုရင်တော့ အရှင် ပြန်ထွက်ရမယ်။ အရှင် ထွက်ခွင့် ရှိတယ်။ မင်းဘာသာ တရားရုံးမှာ ဖြေရှင်းပေါ့”

ငါ့ကို ဒီလို ခြိမ်းခြောက်ပြီး သူ ပြန်သွားလို့ သိပ်မကြာခင်မှာ ဘေးနားက အခန်းကို သော့ဖွင့်သံ ကြားရတယ်။ ဖွင့်လိုက်တဲ့ အခန်းက လူကို ထုတ်ပြီး ဆဲဆိုသံ ရိုက်နှက်သံ ငြီးသံ အော်သံ စတာတွေကို ကမ္ဘာပျက်သလို ကြားနေရတယ်။ ဒါမျိုး တခန်းပြီး တခန်း ထုတ်လိုက် ရိုက်လိုက် လုပ်နေတာကို ကြားနေရတဲ့ ငါဟာ ဆာရမှန်းလည်း မသိတော့ဘူး။

ခန္ဓာကိုယ် အနှံ့က ဒဏ်ရာတွေကလည်း နာသလား မမေးနဲ့တော့။ ရေကတော့ တအား ဆာတယ်။ ဒီလိုနဲ့ မွန်းတည့်ချိန်လောက်မှာ ဗိုလ်ကြီးစိန်ဝင်း တခေါက်လာတယ်။

သော့သံ တချွင်ချွင်နဲ့ လာပြီး ဟိုအခန်း ဖွင့်လိုက် ဒီအခန်း ဖွင့်လိုက် ကြားနေရတယ်။ ပြီးတော့ ငါ့အခန်း လာဖွင့်တယ်။ ငါ့ကို ကိုင်ဖို့တော့ လာပြီဆိုတာ သိနားလည်လိုက်တယ်။ တံခါးဖွင့်ဖွင့်ချင်း စိန်ဝင်းက

“ငါလိုးမသား။ မင်း ခုထက်ထိ ဘူးကွယ်နေတုန်းလား။ မင်း မမှတ်သေးဘူးလား။ မင်း လက်နှစ်ဘက်ကို တွဲလောင်းချိတ်ပြီး ဆော်ခံရပြီးပြီ။ မင်း ထပ်ငြင်းနေရင် မင်း ခြေနှစ်ဘက်ကို ထုပ်မှာ တွဲပြီး ထပ်တီးမယ်။ ဒါမှ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် မင်း မျက်လုံး နှစ်လုံးကို ပေးဆပ်ရလိမ့်မယ် ဆိုတာ တွေးထား။ ပြောစရာရှိတာ မြန်မြန်ဆန်ဆန် ပြော”

အဲဒီလို ခြိမ်းခြောက် ဟိန်းဟောက်ပြီး သူ ပြန်ထွက်သွားတယ်။ ဒီအချိန်မှာ ရေငတ်တာ။ ရေသောက်ချင်လိုက်တာ ဆိုတာလေ မပြောနဲ့တော့။ ရေတပေါက်လောက်သာ သောက်ရပါစေ။ ဒီလိုအချိန်မှာ ရေတခွက်လောက် လာတိုက်သူရှိမယ် ဆိုရင် အဲဒီလူဆီမှာ တသက်လုံး ကျွန်ခံရမယ်ဆိုလည်း ခံလိုက်မယ်ဆိုတဲ့ အတွေးမျိုးတောင် ပေါက်ခဲ့တယ်။

အပိုင်း (၁) https://www.facebook.com/share/p/1CWxiK8gSn

အပိုင်း (၂) https://www.facebook.com/photo/?fbid=122168731622561727&set=a.122094637034561727

အပိုင်း (၃) https://www.facebook.com/photo/?fbid=122169819260561727&set=a.122094637034561727

အပိုင်း (၄) https://www.facebook.com/photo/?fbid=122170916168561727&set=a.122094637034561727 တွင် ဖတ်ရှုနိုင်ပါတယ်။

Related posts

စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

Rakhita Times

သံတိုင်ကြားက ဝိုးတဝါးအတွေး

Rakhita Times

“လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ နေ့ရက်များ”

Rakhita Times

8 comments

dizayn-interera-624 မတ် 19, 2026 at 6:07 မနက် Reply
dizayn doma 281 မတ် 20, 2026 at 7:18 မနက်

дом дизайн проект https://dizayn-interera-doma.ru

Reply
Nathanshied မတ် 20, 2026 at 7:26 မနက်

The best porn generator free ai porn video generator your fantasies remain strictly between you and the neural network. Instant, high-quality generation, extensive scenario and character customization. Available 24/7. For adults.

Reply
Victorcleve မတ် 20, 2026 at 7:28 မနက် Reply
CalvinEvife မတ် 22, 2026 at 1:29 မနက်

Расширенный обзор: https://stroy-63.ru

Reply
RonaldTries မတ် 22, 2026 at 11:06 မနက်

Лучший выбор дня: https://chetyre-gorizonta-novostroy.ru

Reply
studiya interera 338 မတ် 22, 2026 at 8:10 ညနေ

дизайн интерьера студий интерьер и ремонт

Reply
dizayn-interera 806 မတ် 22, 2026 at 11:54 ညနေ

студия дизайн интерьеров дизайн интерьера санкт петербург

Reply

Leave a Comment