NewsPolitic

AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

အာရက္ခတိုင်းမ်စ် (၂၉ ဩဂုတ် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်ရဲ့ နေဗီတစီး မီးလောင်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီတစီးကို သြဂုတ်လ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်မှာ အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘောတစီးကို မာန်အောင် နဲ့ ရမ်းဗြဲကျွန်းကြားမှာ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်” လို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြု ပြောကြားပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်လို့ မီးလောင်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ နေဗီအမျိုးအစားဟာ Frigate အမျိုးအစား ဟုတ် မဟုတ် အတိအကျ မသိရပေမယ့် စစ်ရေယာဥ်အကြီးအစားဖြစ်တယ်လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ စစ်ကော်မရှင်ရဲ့ နေဗီဟာ ကမ်းခြေနဲ့ မီတာ တသောင်းကျော် အကွာအဝေးကနေ သွားလာနေလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၉ ရက်ကလည်း ရက္ခိုင်ပြည် ငပလီကမ်းခြေက ပြန်လာတဲ့ စစ်ကော်မရှင်ရဲ့ နေဗီတစီးကို ဧရာဝတီတိုင်း ဘောမိတွင် အာရက္ခတပ်တော်က ပစ်ခတ်ခဲ့လို့ မီးလောင် ရေထဲနစ်မြုပ်ခဲ့ပါတယ်။

Related posts

စစ်တွေမှာ မိုးတွင်းကာလကထက် အလုပ်အကိုင်တချို့ ပြန်ရလာ

Rakhita Times

ငါ့ဘဝရဲ့ နိုင်ငံရေး တော်လှန်ရေး မြစ်ဖျားခံရာ

Rakhita Times

ဘူးသီးတောင်မှာ သုံ့ပန်း ၃၀၀ ကျော် AA လွှတ်ပေး

Rakhita Times

6 comments

Leave a Comment