NewsPolitic

ဘင်္ဂါလီတွေကို ရက္ခိုင်ပြန်ပို့ရေးအပါအဝင် AA ကို ဖိအားပေးဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ တောင်းဆို

အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၅)

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် မိုဟာမတ်ယူနွတ်စ်က ဘင်္ဂါလီ အကျပ်အတည်းနဲ့ ဘင်္ဂါလီတွေကို ရက္ခိုင်ကို ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ကို ဖိအားပေးတာတွေ လုပ်ဆောင်ဖို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဘင်္ဂါလီ အကျပ်အတည်း၊ အကူအညီပေးရေးတွေနဲ့ ပတ်သတ်ပြီး နိုင်ငံပေါင်း (၆၆ )နိုင်ငံနဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့တဲ့ ညီလာခံမှာ ဘင်္ဂါလီ အကျပ်အတည်းနဲ့ ပတ်သတ်ပြီး နိုင်ငံတကာက စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် (AA) တို့ကို ထိရောက်တဲ့ ဖိအားပေးမှုလုပ်ဆောင်ဖို့ အပါအဝင် အချက် (၇) ချက်ပါ လမ်းပြမြေပုံကိုတင်ပြပြီး ယူနွတ်စ်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“ဘင်္ဂါလီ အကျပ်အတည်းက မြန်မာနိုင်ငံက‌ ပေါက်ဖွားလာတယ်၊ ဖြေရှင်းနည်းက အဲဒီမှာပဲရှိတယ်။ ဘင်္ဂါလီတွေကို နှိပ်စက်ညှဉ်းပမ်းခြင်းကို ချက်ချင်းရပ်တန့်ဖို့၊ အလျင်အမြန် ပြန်လည်ပို့ဆောင်ရေး စတင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံနဲ့ အာရက္ခတပ်တော် (AA) အပေါ် ထိရောက်တဲ့ ဖိအားပေးရမယ်” လို့ ယူနွတ်စ်က ပြောကြားခဲ့တယ်လို့ The Day Star သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒါအပြင် ရက္ခိုင်ပြည် တည်ငြိမ်ရေးအတွက် ပံ့ပိုးကူညီမှု၊ နိုင်ငံတကာ စောင့်ကြည့်မှုနဲ့ ဘင်္ဂါလီနဲ့ ရခိုင်လူ့အဖွဲ့အစည်း ပေါင်းစည်းနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေကို တိုက်တွန်းပြီး ပြန်လည်ပို့ဆောင်ရေးအတွက် ရန်ပုံငွေအပြည့်အဝ ထောက်ပံ့ပေးဖို့လည်း ယူနွတ်စ်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကတော့ ဘင်္ဂါလီတွေအတွက် ဒေါ်လာသန်း(၆၀)ကျော် အကူအညီပေးအပ်သွားမယ်လို့ ကုလညီလာမှာ ကတိကဝတ်ပေးပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အစိုးရရဲ့မူဝါဒတွေပြောင်းလဲဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ဘင်္ဂါလီတွေအတွက် ရန်ပုံငွေမရှိတော့လို့ စစ်ဖြစ်နေတဲ့နေရာကို ပြန်လည်ပို့ဆောင်မယ် ဆိုတဲ့အချက်က လူသားချင်းစာနာမှု အခြေခံမူကို ထည့်သွင်းပြီးစဉ်းစားတာ ဟုတ်မဟုတ်အပေါ် ပြန်လည်မေးခွန်းထုတ်ဖို့ လိုတယ်လို့ ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပြီး ဘင်္ဂါလီတွေအပေါ် ဖိနှိပ်တာ၊ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းတာတွေ ဘယ်တုန်းကမှ မရှိခဲ့သလို နောက်လည်းရှိလာမှာ မဟုတ်ဘူးလို့လည်း ဖြေကြားထားပါသေးတယ်။

ကုလသမဂ္ဂညီလာခံအတွင်း ဆွေးနွေးချက်တွေထဲမှာတော့ ဘင်္ဂါလီတွေဟာ မြန်မာစစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံခဲ့ရတာအပြင် အာရက္ခတပ်တော် (AA) ရဲ့ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးထိန်းသိမ်းတာနဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းတာတွေကိုလည်း ခံနေကြရတယ်ဆိုတဲ့ အချက်လည်းပါဝင်တာကို တွေ့ရပါတယ်။

Related posts

အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရှုံ့ချ

Rakhita Times

ရက္ခိုင်တွင် နေရာကွက် မိုးများနိုင်၊ ပင်လယ်ပြင်တွင် လှိုင်း ၇ ပေ အထိ မြင့်နိုင်

Rakhita Times

နပခဌာနချုပ် နဲ့ ရှစ်မိုင်ကျော်အကွာက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

Rakhita Times

2 comments

sysadmin 187 မတ် 9, 2026 at 2:25 ညနေ

Услуги по настройке https://sysadmin.guru и администрированию серверов и компьютеров. Установка систем, настройка сетей, обслуживание серверной инфраструктуры, защита данных и техническая поддержка. Помогаем обеспечить стабильную работу IT-систем.

Reply
unblocked games 1 မတ် 9, 2026 at 3:28 ညနေ

A website with unblocked games for free online play. Popular browser games, arcades, platformers, racing games, and puzzles are available with no downloads or restrictions on any device.

Reply

Leave a Comment