NewsPolitic

သံတွဲကို စကမ လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဒီနေ့မနက်က Y12 နဲ့လာပြီး ဗုံး ၃ လုံးကြဲသွားတယ်။ ချောင်းဖျားဖက်ကျတယ်။ နေရာအတိအကျနဲ့ အသေအပျောက်တော့ မသိရသေးဘူး” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ငပလီကမ်းခြေဖက်ကို စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဒီမနက်ကဆို လှမ်းမြင်ရတာ ၇ စီးလောက်ရှိတယ်။ ဘယ်ကို ပစ်တယ်တော့ မသိဘူး။ ၁၀ ခါလောက် ပစ်သံကြားရတယ်။ အဝေးကြီးက လှမ်းပစ်တာဆိုတော့ ကုန်းပေါ်တော့ မကျဘူး။ ကြည့်ရသလောက် မောင်ရွှေလေး နဲ့ ဆင်ခေါင်းဖက်ကို ပစ်တာလို့ ထင်တယ်” လို့ ငပလီမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီ ၇ စီးခန့်ကို မြင်တွေ့နေရတာကြောင့် သံတွဲမြို့နယ်ဒေသခံတွေဟာ ပင်လယ်ထဲကို ငါးဖမ်းရန် မထွက်ရဲလို့ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

အောက်တိုဘာလ ၉ ရက်ကလည်း Y12 လေယာဉ်ဟာ သံတွဲမြို့ပေါ် ကင်းလှည့်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

AAဟာ အင်အားနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး တပ်ဖွဲ့လို့ အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ပြော

Rakhita Times

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times

AA လေ့ကျင့်ပေးတဲ့ SRA အပတ်စဉ် ၁ သင်တန်းပြီးဆုံး

Rakhita Times

1,182 comments

Leave a Comment