NewsPolitic

ပဲခူးတိုင်း၊ ပန်းတောင်းမြို့က ပွိုင့် (၆၆၆) စခန်းတစ်ခုလုံး AA သိမ်းပိုက်

အာရက္ခတိုင်း (၁၆ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံကွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက််၊ ၉ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့မှာ ရန်သူရဲ့ ထိုးစစ်တွေကို အာရက္ခတပ်တော်ရဲ့ အကောင်းဆုံးခံစစ်များနဲ့အတူ တန်ပြန်ထိုးစစ်တွေနဲ့ နေ့စဥ် ဟန်ချက်ညီဆင်နွှဲလျက်ရှိနေတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ်အနေနဲ့ အဲဒီ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်မှာ အာရက္ခတပ်တော်မှ ထိုးစစ်အရှိန်ကို မြှင့်ပြီးတိုက်ခိုက်ခဲ့ပြီး (၃) နာရီခန့် သုံးဖက်သုံးတန်ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီး အဲဒီစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူခဲ့စဉ်အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

ထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်တဲ့ အာရက္ခစစ်သည်တော်တွေနဲ့အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ စာရင်းထုတ်ပြန်

Rakhita Times

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၅၀၀ ကို BGB ဖမ်းဆီး

Rakhita Times

စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ

Rakhita Times

1,179 comments

Leave a Comment