အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၅)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်မှာ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ကျွဲ၊ နွား တိရစ္ဆာန်တွေကို ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်း၊ ရွာချင်းဆက်လမ်း စတဲ့ လမ်းမတွေမှာ လွှတ်ကျောင်းခြင်းမပြုဖို့ ULA /AA က စက်တင်ဘာလအတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတွေဟာ လိုက်နာမှုမရှိကြဘဲ ကျွဲ၊ နွား တိရစ္ဆာန်တွေကို လမ်းမထက်တွေမှာ လွှတ်ကျောင်းခြင်း၊ လိုက်ယူခြင်းတွေအပြင်၊ စပါးရိတ်သိမ်းချိန်ဖြစ်တဲ့ ယခုအချိန်မှာ လမ်းမပေါ်မှာ စပါးလှမ်းနေတာတွေကို ပြုလုပ်နေကြတယ်လို့ ပြည်သူတွေက ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိမိတို့ ထိန်းချုပ်ထားရာ ဒေသအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်များကို လမ်းဘေးချရပ်ရန်နဲ့ ကျွဲ၊ နွား တိရစ္ဆာန်များကို လမ်းမတွင် မကျောင်းကြရန် အမိန့်ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘူးလို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ထုတ်ပြန်တဲ့အချိန်မှာတော့ တပတ်လောက် အရေးတယူ လုပ်ကြတယ်။ အခုက ကျွဲ၊ နွားတွေကို လမ်းမဘေးမှာ ကျောင်းတာတွေ၊ လမ်းမထက်က လိုက်ယူတာတွေကို အရင်အတိုင်းပဲ။ လမ်းမှာ ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် သွားကြရင် ကျွဲ၊ နွားတွေကြောင့် အက်စီးဒင့်ဖြစ်တာတွေ အများကြီး ရှိတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို မလိုက်နာလို့ဖြစ်တဲ့ အန္တရာယ်ထက် လမ်းမှာ ကျွဲ၊ နွား၊ ဆိတ်၊ ခွေးတွေကို ရှောင်လို့ဖြစ်သွားတဲ့ အက်စီးဒင့်တွေက ပိုများတယ်” လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့အစိုးရဟာ လမ်းမပေါ်မှာ ယာဉ်သွားလာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ယာဉ်ရပ်နားခြင်း၊ ပစ္စည်းများချထားခြင်း၊ ယာဉ်မရပ်ရလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာယာဉ်များကို လုံးဝ မရပ်နားရန်၊ ဆိုင်ခန်းတွေကို လမ်းဧရိယာအတွင်းသို့ မေးတင်ကာ မဆောက်လုပ်ဖို့လည်း စည်ကမ်းချက်တွေကို ထုတ်ပြန်ထားပါတယ်။
ယခုနှစ်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေမှာ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးသူမှုတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာ ULA/AA ဟာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ကြပ်မတ်ထားပြီး ဆိုင်ကယ်စီးရာမှာလည်း ဆိုင်ကယ် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးကို ဂရုတစိုက်တပ်ဆင်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူ ၂ ဦးထက်ပို မစီးရန် စတဲ့စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်
ထားပါတယ်။

5 comments
Another one aimed at the Pakistani market, 111betpk is pretty good for local sports and betting options. Worth a look if that’s your thing: 111betpk
студия дизайна интерьера спб бюро дизайна интерьера
Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.
Play online at casino elon: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.
Нужен трафик и лиды? авигрупп SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.