HealthNewsPolitic

သွားရောဂါသည် ၁၈၀ ကို AA စမ်းသပ်စစ်ဆေး၊ ၁၂၀ ကို ကုသပေးခဲ့

အာရက္ခတိုင်းမ်စ် (၈ သြဂတ် ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ သွားရောဂါဝေဒနာရှင် ၁၈၀ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားရောက်စမ်းသပ် စစ်ဆေးပေးခဲ့ပြီး ၁၂၀ ကိုတော့ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

“အခု အကြိမ် ဒုတိယအကြိမ်ပါ။ ပထမ အကြိမ်တုန်းကတော့ ၁၂၀ ကို စစ်ဆးပေးပြီးတော့ ၈၅ ယောက်ကိုတော့ ကုသပေးနိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ၁၈၀ ကို စစ်ဆေးပေးပြီး ၁၂၀ ကို ကုသပေးနိုင်ခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ဘေး‌ရှောင် သွားရောဂါဝေဒနာရှင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားနဲ့ ခံတွင်း ဆရာဝန်များက သွားရောက် ကုသပေးခဲ့တာလို့လည်း သိရပါတယ်။

အလားတူ ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားနဲ့ ခံတွင်း ဆရာဝန်များဟာ ပထမအကြိမ်အဖြစ် စစ်ဘေးရှောင်ပြည်သူတွေကို သွားရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပါတယ်။

အာရက္ခပြည်သူကျန်းမာရေးဌာနအနေနဲ့ မိုးရာသီတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက် ခြင်လောက်လန်းသတ်ဆေး (Abate) များ၊ ခြင်သတ်ဆေး (Malathion) များ၊ ကုသရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားရှိပြီး ကုသပေးနေတယ်လို့လည်း သိရပါတယ်။

အလားတူ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူတွေကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo – အာရက္ခပြည်သူ့ကျန်းမာရီးဌာန

Related posts

ရက္ခိုင်ကို AA ထိန်းချုပ်ထားတာကြောင့် စကမ ဈေးဆစ်ရင် လျှော့ပေးမှာမဟုတ်ဘူး

Rakhita Times

ကပစ-၁၆ ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စက်ရုံရဲ့ အဓိကနေရာများ ထိမှန်

Rakhita Times

လေကြောင်းတိုက်ခိုက်မှုကို ဟိုက်ကင်သဘောတူညီချက်အရ စကားပြောဖို့လို

Rakhita Times

Leave a Comment