NewsPolitic

အကြမ်းဖက်စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ ပေါက်တောကို ထပ်မံဗုံးကြဲ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅)

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လယ် ၂ နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့တို့ကို ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာမှ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားသလို ပေါက်တောမြို့မ (အ.ထ.က) စာသင်ကျောင်းအနီးကိုလည်း ဗုံးကြဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

ကျောက်သံခြေကျေးရွာသို့ ဗုံးကြဲမှုတွင် လူနေအိမ် (၃) ဆောင်ခန့် ပျက်စီးသွားကြောင်းလည်း သိရှိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနဲ့အောင်ဖြူပြင်ကျေးရွာကို ဗုံးကြဲခဲ့သလို့ မင်းပြားမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။

ထိုသို့ ဗုံးကြဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့ တစ်

ရက်တည်းမှာ အရပ်သားပြည်သူ (၁၀) ဦးသေဆုံးပြီး (၂၀) နီးပါး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

Related posts

အာရက္ခတော်လှန်ရေးမှာ မြိုလူငယ်တွေ ပါလာတာကို ကြိုဆို

Rakhita Times

ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရက်ဆက်သလို ဖမ်းဆီးရမိ

Rakhita Times

ရသေ့တောင်ဗုံးကြဲမှု ပြည်သူ ၁၀ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

Rakhita Times

1 comment

super9t9 ဒီဇင်ဘာ 9, 2025 at 5:14 မနက်

Super9t9 is a hidden gem! I’ve been enjoying it quite a bit. Give super9t9 a shot, you might be surprised.

Reply

Leave a Comment