NewsPolitic

မောင်တောတွင် ARSA သတ်ဖြတ်လို့ ဒေသခံတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ် ARSA တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လို့ ဒေသခံပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က (၇ နိုဝင်ဘာ) မနက်ပိုင်းမှာ နွားကျောင်းဖို့ ထွက်သွားတာ။ ပြန်မလာလို့ လိုက်ရှာကြတာ။ ဒီနေ့ကျတော့ အလောင်းပဲ ရခဲ့တယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARSA တပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသူမှာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ငွေတောင်ရွာက အသက် ၆၃ နှစ် အရွယ် ဦးဦးရွှေသိန်း ဖြစ်တယ်လို့ သိရပါတယ်။

“ အခုဆို ဒေသခံတွေဟာ လူစုလူဝေးနဲ့မှပဲ သွားရဲကြတော့တယ်။ တပ်တော်ကလည်း ဝေးဝေးလံလံ မသွားကြဖို့နဲ့ ခရီးသွားရင် အကြောင်းကြားပြီးသွားဖို့တော့ ပြောထားတယ်” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ အောက်တိုဘာလ ၂၂ ရက်ကလည်း မောင်တောမြို့နယ် မြိုယုရွာအနီးတွင် ခရီးသည်တင်ကားတစီးကို ARSA တပ်ဖွဲ့ဝင်တို့ တိုက်ခတ်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

Photo – APM

Related posts

မောင်တောမှာ မြေမြှုပ်မိုင်း နင်းမိလို့ လူငယ်တဦး ခြေတဖက်ပြတ်

Rakhita Times

နွားထိုးကြီး PDF က ဖမ်းသွားတဲ့ ကထိက ဒေါ်ဝင်းဝင်းအောင်ကို AA နဲ့ ပူးပေါင်းတယ်လို့ စစ်ကောင်စီပြော

Rakhita Times

ရန်ကုန် စက်သုံးဆီဈေး တလီတာကို ၇၀၀၀ ကျပ် ဖြစ်လာ

Rakhita Times

3 comments

Leave a Comment