NewsPolitic

ရက္ခိုင်ပြည်ကို စကမ တနေ့တည်း ဗုံးအလုံး ၆၀ ကျော်ကြဲ

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၅)

စစ်ကော်မရှင်အနေနဲ့ နိုငဝင်ဘာလ ၁၇ ရက် တနေ့တည်းကို ဗုံးအလုံးရေ ၆၀ ကျော် ကြဲချခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

“ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်တပ်) ဟာ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ စစ်တွေနြို့နယ် အမြင့်ကျွန်း တံတားအနီးကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၆၀ ခန့် လာရောက်ကြဲချခဲ့တယ်” လို့ အာရက္ခတပ်တော်က မနေ့က (၁၇ နိုဝင်ဘာ) ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ၈ နာရီ ၁၇ မိနစ်တွင်လည်း မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာနဲ့ သံချောင်းရွာအနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇင်ချောင်းကမ်းခြေတွင် နေရာယူထားတဲ့ စစ်သင်္ဘော ၂ စီးကနေလည်း ၈ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာကိုလည်း နေ့လည် ၁၂ နာရီ ၃၅ မိနစ်ခန့်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။

ထပ်မံပြီး ကျောက်ဖြူမြို့နယ် မင်းရပ်တိုက်နယ် လိပ်တင်ကျေးရွာကို နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၀ ခန့်တွင်လည်း ဆူဆိုက်ဒရုန်း ၁ စီးနဲ့ လိပ်တင်စာသင်ကျောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

“ စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူများကို အချိန်မှီ ရွှေ့ပြောင်းနိုင်ခဲ့လို့ အသက်သေဆုံး ဒဏ်ရာရရှိမှု မရှိခဲ့ဘူး” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ရှုံး ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် လေကြောင်းရန်ကို ပိုမို သတိထားကြရန် ထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းကျတဲ့အပြင် ဈေးနှုန်းကျတဲ့ဒဏ်ကို စပါးစိုက်တောင်သူတွေ ခံနေရ

Rakhita Times

နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်

Rakhita Times

3 comments

Leave a Comment