NewsPolitic

မြောက်ဦးကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာအနီးကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ ရွာနားကို ကျတာဆိုတော့ လူအသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် လယ်ထဲမှာကျောင်းထားတဲ့ နွား ၂ ကောင်တော့ သေပြီး ၂ ကောင် ဒဏ်ရာတွေ ရသွားတယ်” လို့ မြောက်ဦးဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က မြို့နယ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို့ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ် အောင်တပ်အုပ်စု ဒိုင်ကျီရပ်ကွက်ကို ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့လည်း ရက္ခိုင်ပြည်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် အထူးသတိထား နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Photo – APM

Related posts

AA နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဘာကြောင့် မသင့်မြတ်မှုတွေ ဖြစ်နေတာလဲ

Rakhita Times

MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

Rakhita Times

ဂွမြို့နယ်တွင် စစ်ကျန်လက်နက် ဆော့ကစားလို့ သေဆုံး၊ ထိခိုက်သူ စာရင်း

Rakhita Times

7 comments

Leave a Comment