NewsPolitic

ဝမ်းတွင်းမြို့ နယ်က ကျေးရွာတွေ လျပ်စစ်မီးလိုချင်ပါက ငွေကျပ် သိန်းတရာ ပေးနေရ

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတွေ လျပ်စစ်မီး လိုချင်ပါက ငွေကျပ် သိန်းတရာကို မြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်ကို ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုသို့ ငွေကျပ် သိန်းတရာ မပေးခင်က လျပ်စစ်မီးကို အရင် ဖြတ်ချထားပြီး လျပ်စစ်မီး လိုချင်ပါက ငွေကျပ် သိန်းတရာ ပေးရမယ်လို့ စစ်ကော်မရှင်ရဲ့ မြို့နယ်အုပ်ချုပ်ရေးတွေက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဆီကို စာတွေ ပို့ထားတယ်လို့ သိရပါတယ်။

“ကျမတို့ ရွာကို မီးလိုချင်ရင် သိန်းတရာ ပေးရမယ်လို့ ပြောပါတယ် ။ မီးက လိုအပ်နေတာဆိုတော့ ရွာကို တအိမ် ဘယ်‌လောက် ခွဲတမ်း ချထားရတယ် ။ တအိမ်ဘယ်လောက် ကျမလဲဆိုတာ မသိရသေးဘူး ။ ရွာကြီးရင်တော့ တအိမ် ဘယ်လောက်ဆိုတာ မသိသာပေမယ့် ရွာသေးရင်တော့ ပိုကျသွားမှာ။ ကျမတို့ကတော့ အများ ကြီး မကျပါစေနဲ့လို့ ဆုတောင်းနေရပါတယ်။ အနောက်ဘက်က ရွာတွေကတော့ မီးကို နေ့ပဲ လာတာ။ ညကို မီးမပေးဘူးလို့ ကြားရတယ်” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ ဝမ်းတွင်းမြို့နယ်မှာဆိုရင် ရက်ခြားဆိုသလို စစ်ကော်မရှင်ရဲ့ တပ်သားတွေက လူငယ် လူရွယ်တွေကို ဖမ်းဆီးပြီး တယောက် ဘယ်လောက် ဆိုတာတွေကို တောင်းနေတာလည်း ရှိပါတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ လူတွေကိုတော့ စစ်မူထမ်းရန် ပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။။

Related posts

စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ AA ဝန်ခံ

Rakhita Times

စစ်တွေမှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

Rakhita Times

ရွေးကောက်ပွဲက အရွေ့တခု အမှန်တကယ် မလှမ်းနိုင်

Rakhita Times

4 comments

Leave a Comment