NewsPolitic

အာရက္ခတပ်တော်မှာ စစ်ရေးအတွက် ကြီးမားတဲ့ပြင်ဆင်မှု ရှိနိုင်

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်ရေးအတွက် ကြီးမားတဲ့ ပြင်ဆင်မှုတွေ ရှိနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အောက်တိုဘာလ ၂၉ ရက်က စပြီး ရက္ခိုင်ပြည်ထဲက အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ဒေသတချို့မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှု အများအပြားရှိသလို ဒဏ်ရာရရှိသူ အများအပြားလည်း ရှိကြောင်း သိရပါတယ်။

ဦးမျိုးကျော်က “စစ်ရေးအခြေအနေကတော့ ကျနော်တို့လည်း ဒီလောက်အထိ ကျွမ်းကျင်တဲ့လူတွေ မဟုတ်ဘူး။ ဒါပေမယ့် AA လည်း ဘာပဲဖြစ်ဖြစ် အခုဆိုရင် သက်တမ်းလည်း ရလာပြီ။ သူတို့ရဲ့ တိုက်ပွဲ အောင်မြင်မှုလည်း ရှိတဲ့အတွင်းမှာ သူတို့မှာတော့ ပြင်ဆင်မှုတွေကတော့ plan အကြီးကြီး ရှိပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ပြည်သူတွေကို ဆောင်ရန်၊ ရှောင်ရန် ပြောရုံကလွဲလို့ သူတို့ တပ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ဘက်က သိပ်အကြံပေးစရာ မရှိပါဘူး” လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော်ကတော့ ရှမ်းပြည် (မြောက်ပိုင်း) မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထဲက ၂ ဖွဲ့နဲ့ စစ်တပ်တို့ အပစ်ခတ်ရပ်စဲမှု သဘောတူညီချက် ထွက်လာပြီးနောက် ရက္ခိုင်ပြည်မှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့်လည်း ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကို ကျင်းပဖို့လည်း စီစဉ်နေတာပါ။

အဲဒီထဲမှာတော့ ရက္ခိုင်ပြည်မှာ သူတို့ ထိန်းချုပ်ထားနိုင်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့လည်း ပါဝင်မှာဖြစ်ပေမယ့် လက်ရှိ ကျောက်ဖြူဘက်မှာတော့ စစ်ရေးတွေ နှစ်ဖက်အကြား ပြင်းထန်လျက် ရှိနေပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးရင်လည်း နိုင်ငံရေးအရ ဘာမှ ပြောင်းလဲလာစရာမရှိဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့ ရွေးကောက်ပွဲကတော့ ဘာမှ အလုပ်ဖြစ်မယ့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ ‌ရွေးကောက်ပွဲကို အကြောင်းပြအာဏာသိမ်းပြီးတော့ သူတို့ သိမ်းလိုက်တဲ့ အကြောင်းပြလိုက်တဲ့ ရွေး‌ကောက်ပွဲလောက်တောင် ပုံမလာတဲ့ဟာမျိုး။ တစ်နည်းအားဖြင့်ပြောရင် သူတို့ရဲ့ အာဏာရှင် မအလရဲ့ ထွက်ပေါက်ရှာတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘာမှတော့ ထူးထူးခြားခြား ပြောင်းလဲနိုင်စရာမရှိဘူး။ အခုဆိုရင် UN အပါအဝင် နိုင်ငံတကာ၊ အာဆီယံကအသိအမှတ်မပြုဘူးဆိုတဲ့ အဲဒီဟာမျိုး လုပ်နေပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲပြီးရင်လည်း သိပ်ပြောင်းလဲလာစရာ မမြင်ပါဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ သူမထိန်းချုပ်နိုင်ပဲ လက်လွှတ်လိုက်ရတဲ့ အမ်း၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့တို့ကို ပြန်လိုချင်နေပြီး အဲဒီဒေသတွေမှာလည်း ရွေးကောက်ပွဲကို ကျင်းပချင်နေတာပါ။

စစ်ကော်မရှင်က အခုလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေပေမယ့် ရက္ခိုင်က နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုံးပမ်းနေကြပါတယ်။

Related posts

စကမ ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဖြူတွင် ကလေးငယ်တဦး ဒဏ်ရာရ

Rakhita Times

မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်၊ စုစုပေါင်း သိန်း တထောင်ကျော် လှူဒါန်း

Rakhita Times

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

Rakhita Times

4 comments

melbet_ldSi မေ 14, 2026 at 2:46 ညနေ

melbet ios côte divoire https://melbet62913.help/

Reply
melbet_mfSi မေ 14, 2026 at 4:29 ညနေ

comment activer le bonus melbet http://melbet62913.help

Reply
1win_avMi မေ 14, 2026 at 6:02 ညနေ

1win onlayn tikish Oʻzbekiston http://1win39427.help/

Reply
1win_kmKt မေ 14, 2026 at 6:20 ညနေ

how to deposit crypto on 1win http://1win3003.mobi

Reply

Leave a Comment